
ကိုင်ရို မေ ၂၈
အီဂျစ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မေ ၂၇ ရက်က အက်မိုင်လီယာ စူးအက်သဲကန္တာရလမ်းပေါ်တွင် မီနီဘတ်စ်ကားနှင့် ကိုယ်ပိုင်ကား တစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားရာ ခုနစ်ဦး သေဆုံးကြောင်း အစိုးရ ပိုင် မီဒီယာတစ်ခုတွင် ဖော်ပြ ထားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကိုယ်ပိုင်ကားအတွင်း အောက် ဆီဂျင်စလင်ဒါတစ်ခုနှင့် မီနီ ဘတ်စ်ကားအတွင်း စလင်ဒါ ဂက်စ်တစ်လုံးတို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်ပေါ်တွင် ပိတ်မိနေ သော လူခုနစ်ဦးမှာ မီးလောင် သွားခဲ့ကြောင်း သိရသည်။ ကိုယ်ပိုင်ကား မောင်းနှင်သူမှာ လမ်းတစ်ဖက်သို့ကူးရန် ကြိုးစား နေစဉ်အတွင်း ယာဉ်မတော်တဆ မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း ကနဦးအစီရင်ခံစာများအရ သိရ သည်။
အီဂျစ်နိုင်ငံတွင် လမ်းအခြေခံ အဆောက်အအုံများ ဆိုးရွားမှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ယာဉ်မတော်တဆမှုများ မကြာ ခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
လွန်ခဲ့သော နှစ်အနည်းငယ် က အီဂျစ်နိုင်ငံတွင် လမ်းအသစ် များ ဖောက်လုပ်ခြင်းနှင့် တံတား သစ်များ တည်ဆောက်ခြင်း စသည့် လမ်းကွန်ရက်များ ကို အဆင့်မြှင့်တင်ခဲ့ကြောင်း နှင့် ယာဉ်မတော်တဆမှုများကို လျှော့ချရန် လမ်းများကို ပြင်ဆင် ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ