
ယခုတစ်ပတ် ဖေဖော်ဝါရီ ၁ ရက် နဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွေမှာ အီးအက်ဖ်အယ်ဖလား ဆီမီး ဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် တွေကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး ပထမအကျော့က အသာ ရယူထားနိုင်တဲ့ အသင်းတွေ အနေနဲ့ ဒုတိယအကျော့မှာ လည်း ထပ်မံအသာရယူကာ ဗိုလ်လုပွဲ တက်လှမ်းသွားနိုင် မလား စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။
ယခုပွဲစဉ်မတိုင်မီ ဆောက်သမ်တန်က အက်ဖ်အေဖလား ပြိုင်ပွဲ ကစားထားရလို့ ပွဲပန်းနေနိုင်တယ်။ ပထမအကျော့မှာ ကာဆယ်အသင်းကို အခက်တွေ့အောင် ကစားထားနိုင်ပြီး တစ်ဂိုး - ဂိုးမရှိဖြင့်သာ ရှုံးနိမ့်ထားတာကြောင့် ဗိုလ်လုပွဲ တက်လှမ်းနိုင်ရေး မျှော်လင့်ချက်ရှိနေသေးတယ်။ သို့ပေမယ့် ကာဆယ်တိုက်စစ်ကို မထိန်းချုပ်နိုင်ရင် ဆီမီးဖိုင်နယ် အဆင့်နဲ့သာ ကျေနပ်ရဖွယ်ရှိတယ်။
မန်ယူ နှင့် နော်တင်ဟမ်
ပထမအကျော့မှာ မန်ယူက သုံးဂိုးပြတ် အနိုင်ရထားပြီး ဗိုလ်လုပွဲ တက်လှမ်းနိုင်ရေးအခွင့်အရေးကောင်း ပိုင်ဆိုင် ထားပေမယ့် နော်တင်ဟမ်အသင်းရဲ့ တုံ့ပြန်ကစားပုံ ကောင်းမွန် မှုကြောင့် သာမန်ခြေစွမ်းထက် မပိုခဲ့ရင် ပေးဆပ်မှုကြီးမား သွားနိုင်တယ်။ နော်တင်ဟမ်အသင်းက တိုက်စစ်၊ ခံစစ်အား နည်းတတ်တာကြောင့် မန်ယူသာဗိုလ်လုပွဲတက်မယ်။
မိုးဇက်