အီး-အာဆီယံ စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် ကျင်းပမည်

 

 

နေပြည်တော်   ဧပြီ   ၁၉
ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ တက္ကသိုလ် လူမှုရေးရာ   ပူးပေါင်းဆောင်ရွက်မှုအသင်း (ထိုင်းနိုင်ငံ)(Association for University Social Engagement Thailand- EnT)၊ U2T အစီအစဉ်၊ အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသန နှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာဝန်ကြီးဌာနတို့နှင့်အတူ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် အီး-အာဆီယံ စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် (E-ASEAN Youth Volunteer Programme -E-AYVP) ကို   ၂၀၂၂ ခုနှစ်  ဇွန် ၂၇ ရက်မှ ဇူလိုင် ၈  ရက်အထိ     Online  မှတစ်ဆင့် “ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုနှင့်  ဆင်းရဲမွဲတေမှု လျော့ပါးရေး (Community Development and Poverty Eradication)”ခေါင်းစဉ်ဖြင့် ကျင်းပသွားမည် ဖြစ်သည်။
အီး-အာဆီယံ  စေတနာ့ဝန်ထမ်းလူငယ် အစီအစဉ်သို့  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ  အပေါင်း(၃)နိုင်ငံများမှ  အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်၍ စေတနာ့ဝန်ထမ်း အတွေ့အကြုံ၊ ခေါင်းဆောင်မှုအတွေ့အကြုံနှင့် စွမ်းရည်ရှိပြီး   ရပ်ရွာပြည်သူလူထုအတွက် ကူညီဆောင်ရွက်ပေးရန်     စိတ်ပါဝင်စား၍ ရပ်ရွာအတွက်အကျိုးပြုမည့် ဖွံ့ဖြိုးတိုးတက် မှုနှင့် ဆင်းရဲမွဲတေမှု လျော့ပါးရေးလုပ်ငန်း အစီအစဉ်များကို  ရေးသား/ဆောင်ရွက်နိုင် သော အသက် (၁၈)နှစ်မှ (၃၀)နှစ် အတွင်းရှိ လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက် နိုင်ပြီး အစီအစဉ်နှင့် ပတ်သက်၍ သိရှိလိုသည် များကို Facebook စာမျက်နှာဖြစ်သည့် www.facebook.com/AYVPUKM သို့မဟုတ် www.ayvpukm.com.my တွင် ဝင်ရောက်ကြည့်ရှု၍ ၂၀၂၂ ခုနှစ်   ဧပြီ  ၃၀ ရက်   နောက်ဆုံးထား ကာ    http://ayvpukm.com.my   မှတစ်ဆင့် လျှောက်ထားနိုင်သည်။
အဆိုပါ     အစီအစဉ်နှင့်     ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက လူငယ်ရေးရာဦးစီး ဌာန၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၁၃၉၄၇၊ ၀၉-၇၇၇၃၃၃၅၄၅၊ ၀၉-၄၂၅၃၂၅၁၃၃ များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ 
သတင်းစဉ်