AICTA 2021 ပြိုင်ပွဲ နောက်ဆုံးအဆင့် အနိုင်ရသူများစာရင်း ထုတ်ပြန်ကြေညာ

 

 

ရန်ကုန် ဒီဇင်ဘာ ၂၁
(၉)ကြိမ်မြောက် ASEAN ICT Awards 2021 ပြိုင်ပွဲကို ယခုနှစ်တွင် အလှည့်ကျအိမ်ရှင်နိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံက ဦးစီး၍ အွန်လိုင်းမှတစ်ဆင့် ကျင်းပလျက်ရှိရာ ပြိုင်ပွဲ၏   နောက်ဆုံးအဆင့်   အနိုင်ရသူများအား ရွေးချယ်သည့်  နောက်ဆုံးအဆင့်အကဲဖြတ်ခြင်းကို ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်က အွန်လိုင်းမှတစ်ဆင့်  ပြုလုပ်ခဲ့ပြီးနောက် အနိုင်ရရှိသူများစာရင်းကို ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၇ ရက် တွင် ထုတ်ပြန်ကြေညာသည်။
နောက်ဆုံးအဆင့်အကဲဖြတ်ခြင်းတွင် Public Sector ၊ Private Sector ၊ Corporate Social Responsibility ၊ Digital Content ၊ Start-up Company နှင့် Research and Development ဟူ၍ ပြိုင်ပွဲအမျိုးအစား   ခြောက်မျိုးမှ    ဆန်ခါတင်အဆင့် ရွေးချယ်ခံထားရသော ပြိုင်ပွဲဝင် ၁၈ ဦးက Presen-tation  များ  တင်ဆက်ပြသ  ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင်များအား အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့မှ ဒိုင်များက  အမေးအဖြေများပြုလုပ် ၍  စိစစ်အမှတ်ပေးပြီး  အနိုင်ရရှိသူများ(Winners)ကို အဆင့်အလိုက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲအမျိုးအစား တစ်ခုချင်းအလိုက် ရွှေတံဆိပ် ရရှိမှုများမှာ-
Public Sector တွင် အင်ဒိုနီးရှားမှ Jakarta Smart City ကုမ္ပဏီ၏ JAKI(Jakarta Kini)
Private Sector တွင် အင်ဒိုနီးရှားမှ Nodeflux Teknologi Indonesia ၏ Nodeflux
Corporate Social Responsibility ပြိုင်ပွဲတွင် ဗီယက်နမ်မှ VinBrain Joint Stock ကုမ္ပဏီ၏ DrAidTM for COVID-19
Digital Content ပြိုင်ပွဲတွင် ဘရူနိုင်းမှ Rumine Corporation ၏ Techsim
Start-up Company ပြိုင်ပွဲတွင် ကမ္ဘောဒီးယားမှ PillTech Solutions ကုမ္ပဏီလီမိတက်၏ PillTech POS And Ordering(Telehealth and E-Pharmacy)
 Research and Development ပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှ T-NET ကုမ္ပဏီလီမိတက်၏ Drone Detection System တို့ ဖြစ်သည်။
ပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၂ခုနှစ် ဇန်နဝါရီ လတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဗာကျူရယ် စနစ်ဖြင့် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် အာဆီယံ  ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ  အစည်း အဝေးတွင်   ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ် ပြန်ချက်အရ သိရသည်။
ASEAN ICT Award ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများက အိမ်ရှင်အဖြစ် အလှည့်ကျတာဝန်ယူ၍  နှစ်စဉ်ကျင်းပခဲ့ကာ   အာဆီယံနိုင်ငံများအတွင်းမှ နည်းပညာလုပ်ငန်းများ     ပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်မှ သိရသည်။                                        ကိုစိုး