
နေပြည်တော် မေ ၁၂
AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲ ရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယ ဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။
ညှိနှိုင်းဆွေးနွေး
အစည်းအဝေးတွင် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၏ နောက်ဆက်တွဲ လုပ်ငန်းများ အထူးသဖြင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ဒုတိယအဆင့်အတွက် ပူးတွဲလေ့လာဆန်းစစ်ချက်နှင့် ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်မည့် နေရာဒေသများ သတ်မှတ်ရေး၊ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်ချက် အဖွဲ့မှ လုပ်ငန်းတာဝန်များအား သတ်မှတ်ဒေသ များတွင် လုံခြုံထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီ များ ပေးအပ်ရေးအစီအစဉ်နှင့် ပူးတွဲကာကွယ်ဆေး ထိုးနှံပေးရေး မူဘောင်တို့အတွက် အထောက်အကူ ဖြစ်စေမည့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်