AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ  အကူအညီစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော်   ဧပြီ   ၂၆
“AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ သတ္တမ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယ ဥက္ကဋ္ဌ(၁)၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂)၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊  လုပ်ငန်းအဖွဲ့   အဖွဲ့ဝင်များနှင့်  အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လက်ခံခြင်းနှင့်   နိုင်ငံတစ်ဝန်း  ဖြန့်ဖြူးခြင်းလုပ်ငန်းများ  အကောင် အထည်ဖော်မှု အတွေ့အကြုံများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ အစည်းအဝေး၌ ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်စဉ်တွင် တွေ့ဆုံဆွေးနွေးခဲ့မှုများ၏ ရလဒ်များကို  မှတ်သားခဲ့ကြသည်။  အစည်းအဝေး၌   ဒုတိယအဆင့် အကူအညီများအတွက် ကမ္ဘောဒီးယားမှ အဆိုပြုလာသည့် ဦးဆောင် ဦးရွက်ပြုမှုများ၊ ဒုတိယအဆင့်အကူအညီများအတွက် ပထမဆုံးအဆင့် ဖြစ်သည့် ပူးတွဲလေ့လာဆန်းစစ်မှုဆောင်ရွက်ခြင်းနှင့် မူဝါဒဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေး၌ လူသားချင်း စာနာထောက်ထားမှုအကူအညီလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်  ကမ္ဘောဒီးယားနိုင်ငံ  အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့နှင့် ပူးပေါင်းလျက် ဆက်လက် ကူညီဆောင်ရွက်သွားရန်   ထပ်လောင်း   အတည်ပြုခဲ့ကြကြောင်း သိရသည်။                        သတင်းစဉ်