အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် 
ဥက္ကဋ္ဌဟောင်း ဦးတာ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးမြင့်ဇော်၊ 
လူမှုရေး ဝန်ကြီးဟောင်း ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဟောင်း 
ဦးတင်နွယ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း တို့အပေါ် 
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

 

 

နေပြည်တော်   ဇွန်    ၂၃


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့သော ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်မှု များတွင်   အဂတိလိုက်စားမှုများ  ရှိသောကြောင့်   ဥပဒေနှင့်အညီ လိုအပ်သလို   စုံစမ်းစစ်ဆေးအရေးယူနိုင်ရန်    တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က    စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။ 


စုံစမ်းစစ်ဆေးရေးအဖွဲ့၏    စစ်ဆေးတွေ့ရှိချက်အရ     မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ် လုပ်ငန်းရှင်တစ်ဦးက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အကြောင်းပြလှူဒါန်း သည့် အလှူငွေ ငွေကျပ်သိန်း (၅၀၀) ကို လက်ခံရယူ၍ ၂၀၁၆ ခုနှစ် မှစ၍  လူနေဇုန်အတွင်း  ကျရောက်နေသဖြင့် လယ်ယာမြေ အခြား နည်းသုံးစွဲခွင့်  လျှောက်ထားမှုအပေါ်  ခွင့်ပြုပေးခဲ့ခြင်းမရှိသည့် မြေ (၁)ဧကကို စက်သုံးဆီဆိုင် ဖွင့်လှစ်နိုင်ရေးအတွက် လယ်ယာမြေ  အခြားနည်းသုံးစွဲခွင့်ကို ခွင့်ပြုပေးခဲ့ခြင်းသည် ဝန်ကြီးချုပ်ဟောင်း အနေဖြင့်   နိုင်ငံရေးရာထူး  လက်ရှိဖြစ်ခဲ့စဉ်က   ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကို ပေး၍ တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း။
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မကွေးတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရေးအတွက် ကုမ္ပဏီက ဒီဇိုင်းရေးဆွဲရာတွင် အခကြေး ငွေရယူခြင်းမရှိဘဲ  ရေးဆွဲဆောင်ရွက်ခဲ့သော်လည်း  စာချုပ် ချုပ်ဆို ရာတွင် ပါဝင်ခြင်းမရှိသည့် ဒီဇိုင်းရေးဆွဲခအဖြစ် လွှတ်တော် (ပင်မ)  အဆောက်အဦ စီမံကိန်းတန်ဖိုး၏ ၂ ရာခိုင်နှုန်း၊ ငွေကျပ်သိန်း ၈၄၀ ကျော်ကို ကုမ္ပဏီသို့ ထုတ်ပေးခဲ့၍ လွှတ်တော် တက်ဟန် ဗိုလ်ချုပ် ရုပ်တုအား ပြုလုပ်စေခဲ့ခြင်းဖြင့် နိုင်ငံတော်အနေဖြင့် သက်သာခွင့် ရရှိမည့် ငွေကျပ်သိန်း ၈၄၀ ကျော်ကို ဆုံးရှုံးစေခဲ့ကြောင်း။


နိုင်ငံတော်မှရရှိမည့် ဘဏ္ဍာငွေများ နစ်နာဆုံးရှုံး


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုနှင့်   သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊   လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးမြင့်ဇော် တို့သည် နိုင်ငံရေးရာထူးလက်ရှိ ဖြစ်ခဲ့စဉ်က တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် အောက်တိုဘာ  ၃၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၁၈)အရ တရားဝင်  ရေနံလက်ယက်တွင်း   တူးဖော်လုပ်ကိုင်ခွင့်   လိုင်စင်ရသူများထံမှ  မြေ (၁) ဧကလျှင် ငှားရမ်းခ ငွေကျပ် (၃) သိန်း ကောက်ခံခဲ့ရာ ၂၀၁၈၊  ၂၀၁၉၊ ၂၀၂၀ ခုနှစ်များ အတွင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သက်တမ်းတိုး လိုင်စင် ထုတ်မပေးခြင်းအား အကြောင်းပြ၍ နိုင်ငံ့ ဘဏ္ဍာအတွက် ငှားရမ်းခကောက်ခံခြင်း မရှိသော်လည်း လုပ်ကွက် များအား ဆက်လက်လုပ်ကိုင်စေပြီး အဆိုပါ လုပ်ကွက်များမှ ထွက်ရှိ သည့် ရေနံစိမ်းများကို သယ်ယူပို့ဆောင်ခွင့် မျှောစာများ ဆက်လက် ထုတ်ပေးကာ  တိုင်းဒေသကြီးဖွံ့ဖြိုးရေး  ရန်ပုံငွေအဖြစ်  ရေနံစိမ်း  (၁)  စည်လျှင်  ငွေကျပ်  ၅၀၀၀  နှုန်းဖြင့်  ကောက်ခံ၍  ရေနံစိမ်း သယ်ဆောင်ခွင့် မျှောစာများအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ  ထုတ်ပေးခဲ့ကြောင်း၊ မင်းလှမြို့နယ်၊ သရက်မြို့နယ်၊ ဆောမြို့နယ်နှင့် ပေါက်မြို့နယ်တို့မှ ရေနံလက်ယက်တွင်း လုပ်ကွက် (၁၅)ခု၊ စုစုပေါင်း  မြေ (၅၆၉) ဧက အတွက် မြေငှားရမ်းခ စုစုပေါင်း ငွေကျပ် (၃၁၀၂)သိန်းကို ကောက်ခံခဲ့မှု မရှိခြင်းကြောင့် နိုင်ငံတော်မှရရှိမည့် ဘဏ္ဍာ ငွေများ နစ်နာဆုံးရှုံးစေခဲ့ကြောင်း။
သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦးမြင့်ဇော် သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ဂန့်ဂေါ မြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ပါတီရုံး  ဆောက်လုပ်ရန် အတွက်အကြောင်းပြကာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလခန့်က မကွေး တိုင်းဒေသကြီး ရေနံလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့မှ    လုပ်ငန်းရေရှည်အဆင်ပြေစေရန်   ပေးအပ်သည့်   ငွေကျပ် (၂၅) သိန်းကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ ငွေကြေးများ တောင်းခံရယူခဲ့ခြင်းဖြစ်ကြောင်း။


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို၊ ဝန်ကြီးဟောင်း ဒေါက်တာခင်မောင်အေးနှင့် ဦးတင်နွယ်ဦး တို့သည်   ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်၊   ပညာရေးဒီဂရီကောလိပ် (မကွေး)   ၏ Lot(1)  (၃)ထပ် စာသင်ဆောင် ဆောက်လုပ်သည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်  ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ တင်ဒါကော်မတီ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ရွေးချယ် သော    တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို   ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ အခြားကုမ္ပဏီအား ရွေးချယ်ခဲ့မှုကြောင့် နိုင်ငံတော်မှ ငွေကျပ်  ၃၁ ဒသမ ၀၄၅ သန်း ပိုမိုကုန်ကျ၍ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း။


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို၊ ဝန်ကြီးဟောင်း ဒေါက်တာခင်မောင်အေးနှင့် ဦးတင်နွယ်ဦး တို့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဒီဂရီကောလိပ် (မကွေး) ၏ တင်ဒါလုပ်ငန်းများမှ Lot(1) သင်တန်းသား (၂၄၀)ဆံ့  အိပ်ဆောင်၊ စားသောက်ဆောင်နှင့် စားဖိုဆောင် ဆောက်လုပ်သည့် လုပ်ငန်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိခြင်း၊   တင်ဒါကော်မတီ၏   လုပ်ထုံးလုပ်နည်းနှင့်အညီ    စိစစ် ရွေးချယ်သော တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို ထည့်သွင်းစဉ်းစား ခြင်းမပြုဘဲ  အခြားကုမ္ပဏီအား  ရွေးချယ်ခဲ့မှုကြောင့်  နိုင်ငံတော်မှ ငွေကျပ် ၁၃ ဒသမ ၂၉ သန်း ပိုမိုကုန်ကျ၍ ဆုံးရှုံးမှုများ ဖြစ်ပေါ် စေခဲ့ကြောင်း။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို၊ ဝန်ကြီးဟောင်း ဒေါက်တာခင်မောင်အေးနှင့် ဦးတင်နွယ်ဦး တို့သည်   ၂၀၂၀-၂၀၂၁   ဘဏ္ဍာရေးနှစ်တွင်   အစိုးရနည်းပညာ အထက်တန်းကျောင်း(ပခုက္ကူ)၏ တင်ဒါလုပ်ငန်းများအနက်မှ Lot(1)  (၃) ထပ် ပင်မစာသင်ဆောင် ဆောက်လုပ်သည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏    ညွှန်ကြားချက်အမှတ်   ၁/၂၀၁၇   တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တင်ဒါ ကော်မတီ၏   လုပ်ထုံးလုပ်နည်းနှင့်အညီ  စိစစ်ရွေးချယ်သော တင်ဒါ အောင်မြင်သည့်ကုမ္ပဏီကို  ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ  အခြား ကုမ္ပဏီအား ရွေးချယ်ခဲ့မှုကြောင့် နိုင်ငံတော်မှ ငွေကျပ် ၉ ဒသမ ၅၂၄ သန်း ပိုမိုကုန်ကျ၍ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း။


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးတင်နွယ်ဦးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်းက မကွေးတိုင်း ဒေသကြီးလွှတ်တော် ပင်မအဆောက်အဦ အရည်အသွေး စစ်ဆေး သည့် ကုမ္ပဏီတစ်ခုထံမှ ငွေကျပ် သိန်း(၆၀)ကို လက်ခံရယူခြင်းသည် အဂတိ လိုက်စားမှုကျူးလွန်ခြင်းဖြစ်ကြောင်း။


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတာ  တို့သည်   နိုင်ငံရေးရာထူး  လက်ရှိဖြစ်ခဲ့စဉ်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀၁၉ ခုနှစ် စက်တင် ဘာ ၃၀ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန် ခဲ့သည့်  ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း များနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြမှုမရှိဘဲ   အစိုးရဌာန  အဖွဲ့အစည်းများက ဆောင်ရွက် ရမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များကို  ဆောင်ရွက်စေခဲ့ခြင်းတို့ကြောင့်  နိုင်ငံတော် အနေဖြင့် ငွေကျပ် (၂၄၉၇) သန်း နစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့်   ဝန်ကြီးချုပ်ဟောင်း    ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာ၊ ဝန်ကြီးဟောင်းများ ဖြစ်သော ဦးမြင့်ဇော်၊ ဒေါက်တာ ခင်မောင်အေးနှင့် ဦးတင်နွယ်ဦးအပေါ်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ မကွေးတိုင်း  ဒေသကြီး၊ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် ယနေ့ရက်စွဲဖြင့် ပထမ  သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။


ရာထူးတာဝန်ကို အလွဲသုံးစားပြု၍  အဂတိလိုက်စား


အလားတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီး  တာဝန်   ထမ်းဆောင်ခဲ့သော  ဦးနိုင်ငံလင်းအပေါ်  တိုင်ကြားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ စစ်ဆေး တွေ့ရှိချက်များအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူမှုရေး ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဦးနိုင်ငံလင်းသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် ပညာရေး ဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ရေး တင်ဒါကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်စဉ် သင်္ဃန်းကျွန်း ပညာရေးကောလိပ်နှင့် ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့တွင် အဆောက်အဦဆောက် လုပ်ခွင့်ရရှိသည့်   ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ  ၂၀၂၁ ခုနှစ်  ဇန်နဝါရီ ၅  ရက်၌ ငွေကျပ်သိန်း (၁၈၀) နှင့် ငွေကျပ် (၈) သိန်းခန့်တန်ဖိုးရှိသော  တီဗွီနှင့်ကာရာအိုကေစက်တစ်စုံကို ၎င်း နေအိမ်တွင် လက်ခံရယူခဲ့ခြင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်  ဘဏ္ဍာရေးနှစ်၌  အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီ ကောလိပ်စာသင်ဆောင်   ဆောက်လုပ်ခွင့်ရရှိသည့်    ကုမ္ပဏီပိုင်ရှင် တစ်ဦးထံမှ    ငွေကျပ် သိန်း ၅၀ နှင့် ၅ သောင်းခန့်   တန်ဖိုးရှိသော လက်ဆောင်ခြင်းတစ်ခုတို့ကို  ၂၀၂၁ ခုနှစ်   ဇန်နဝါရီ ၂၃ ရက်တွင်  ၎င်းနေအိမ်၌ လက်ခံရယူခဲ့ခြင်း၊ ဒဂုံတက္ကသိုလ်တွင် အဆောက်အဦ ဆောက်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ်သိန်း ၂၀ ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ အတွင်းက ၎င်း၏ရုံးခန်း၌ လက်ခံ ရယူခဲ့ခြင်း၊  တောင်ဒဂုံ စက်မှုလက်မှုသိပ္ပံကျောင်း အဆောက်အဦ ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေကျပ် ၁၀ သိန်း ကို  ၂၀၂၀ ပြည့်နှစ်  ဇွန်လအတွင်းက  ၎င်း၏ရုံးခန်း၌ လက်ခံရယူ ခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ၎င်းကုမ္ပဏီဝန်ထမ်းများအတွက် Quarantine Center သီးသန့် ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထားသည့်နေရာသို့ ၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာ ၂၄ ရက်တွင် သွားရောက် စစ်ဆေးခဲ့စဉ် ကုမ္ပဏီက  ပေးအပ်သည့် ငွေကျပ် ၈ သိန်းခန့် တန်ဖိုးရှိသော iPhone 12 Mini လက်ကိုင်ဖုန်းတစ်လုံးကို   လက်ခံရယူခဲ့ခြင်းတို့သည်  နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က    ရာထူးတာဝန်ကို   အလွဲသုံးစားပြု၍    အဂတိ လိုက်စားမှု  ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း  စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး၊ သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍  တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။  

 

သတင်းစဉ်