အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန် ဆရာ ဆရာမများ မွမ်းမံသင်တန်းတွင် ပညာပေးအစီအစဉ်များကျင်းပ

 

နေပြည်တော်  မတ် ၂၁


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ အဂတိလိုက် စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း ၍ အသိပညာရရှိစေရန်၊ အဂတိ လိုက်စားမှုကို        တွန်းလှန် တိုက်ဖျက်ရာတွင် အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း  တည်ဆောက်ရန် အတွက် ဆရာ ဆရာမများ မွမ်းမံ သင်တန်းတွင်   အသိပညာပေး အစီအစဉ်များကို     ဆောင်ရွက် လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ         ဇမ္ဗူသီရိမြို့နယ်ရှိ အထက (၅) နှင့် (၇) တို့တွင်လည်း ကောင်း၊ ကော်မရှင် (ရုံးခွဲ) များမှ အရာထမ်းများက   ရန်ကုန်မြို့ရှိ အလုံ  အထက (၄)နှင့်  လသာ အထက(၁) ၊ ဘားအံမြို့ရှိ အထက (၁)   နှင့်  (၂)   ကျောင်းများတွင် လည်းကောင်း    အသိပညာပေး ဆောင်ရွက်ခဲ့ပြီး   ဆရာ   ဆရာမ များကလည်း     စိတ်ဝင်တစား မေးမြန်း           ဆွေးနွေးခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း              သိရ သည်။


သတင်းစဉ်