အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်း လုပ်ငန်းစဉ် (၃)ရပ်ဖြင့်‌ ဆောင်ရွက်လျက်ရှိ

 

တောင်ကြီး   ဧပြီ   ၂  
ရှမ်းပြည်နယ်     တောင်ကြီးမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့     ပူးပေါင်းဆောင်ရွက် သည့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ      အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကို   ယနေ့   နံနက်  ၁၀ နာရီက တောင်ကြီးမြို့   မြို့တော်ခန်းမ၌   ကျင်းပပြုလုပ်သည်။ 
အခမ်းအနားတွင်     အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က     အဂတိလိုက်စားမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး နှင့် လူမှုရေးဆိုင်ရာအဖွဲ့အစည်း တန်ဖိုးများ၊ လိုက်နာစောင့်ထိန်းကျင့်သုံးရမည့်   ကျင့်ဝတ်စာရိတ္တ ဆိုင်ရာ ဝတ္တရားများ၊ တရားမျှတမှု ဆိုင်ရာ   တန်ဖိုးများကို    ပျက်စီး စေလျက်ရှိပါကြောင်း၊    လူ့အဖွဲ့ အစည်းတစ်ရပ်လုံး၏  တည်ငြိမ် အေးချမ်းမှုနှင့်   လုံခြုံရေးအပေါ် ဆိုးကျိုး    သက်ရောက်စေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင်     တစ်ဦး တစ်ယောက်မှစ၍ ကဏ္ဍအသီးသီး မှ   ပုဂ္ဂိုလ်များအားလုံး   ပူးပေါင်း ပါဝင်လာစေရန် အဂတိလိုက်စား မှုကို လက်မခံသည့်၊ ဖြောင့်မတ် တည်ကြည်မှုရှိသည့် လူမှုအသိုက် အဝန်းတစ်ခု ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍   ဆွေးနွေးပွဲ   ပြုလုပ် ရခြင်း ဖြစ်ပါကြောင်း။ 
အမျိုးသားတာဝန်
အဂတိလိုက်စားမှုကို လာဘ် ပေးလာဘ်ယူမှုအဖြစ်သာ မှတ်ယူ နေပါကြောင်း၊   အဂတိလိုက်စား မှုသည်    လာဘ်ပေးလာဘ်ယူမှု ထက် များစွာကျယ်ပြန့်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့် ပစ္စည်းများ ကို  အလွဲသုံးစားပြုခြင်း၊  ပြည်သူ ပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ် အသုံးပြုခြင်း၊ မလျော်ဩဇာသုံး၍ စီမံခန့်ခွဲခြင်း၊ ဆွေမျိုးကောင်းစား ရေး၊   မိမိနှင့်နီးစပ်  အဆင်ပြေသူ ကောင်းစားရေးအတွက် ကျင့်သုံး ဆောင်ရွက်ခြင်းတို့အပြင် မလျော် ဩဇာသုံး၍  မဲဆွယ်လွှမ်းမိုးခြင်း စသည့် အကြောင်းအရာ ဆောင် ရွက်ချက်များသည်လည်း အဂတိ လိုက်စားမှုမြောက်သည့် အပြုအမူ ဆောင်ရွက်ချက်များဖြစ်ပါကြောင်း၊ အချုပ်အားဖြင့် အဂတိလိုက်စားမှု သည် မိမိကိုယ်ကျိုး စီးပွားအတွက် ကိုယ်ကျင့်တရား    ပျက်ယွင်းမှုမှ    စတင်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို        တားဆီး ကာကွယ်ခြင်း၊     အသိပညာပေး ခြင်း၊  စုံစမ်းစစ်ဆေး အရေးယူခြင်း လုပ်ငန်းစဉ် (၃) ရပ်ဖြင့်‌  ဆောင် ရွက်လျက်ရှိကြောင်း၊     အဂတိ လိုက်စားမှု   တားဆီးကာကွယ် ခြင်းဖြင့်  ကောင်းမွန်သော အုပ်ချုပ် မှု (Good Governance)၊  သန့်ရှင်း သော  အစိုးရ   (Clean  Govern-ment) ဖြစ်ပေါ်ရေးအတွက် အမျိုး သားတာဝန်    တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဦးကျော် ထွေးက အဂတိလိုက်စားမှု သဘော သဘာဝများ၊   အဂတိလိုက်စားမှု ၏   ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားပြီး     တက် ရောက်လာသူများက သိရှိလိုသည့် အချက်များကို မေးမြန်းရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြန်လည် ရှင်းလင်းဆွေးနွေးသည်။ 
အခမ်းအနားသို့    ပြည်နယ် တရားသူကြီးချုပ်၊     ပြည်နယ် အဆင့်    ဌာနဆိုင်ရာများ၊  ခရိုင်/မြို့နယ်အဆင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းနောက်     ကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်တင့်သည် မွန်းလွဲပိုင်းတွင်     ရှမ်းပြည်နယ် အစိုးရအဖွဲ့  အစည်းအဝေးခန်းမ (၁) တွင်     ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့- CPU အဖွဲ့ဝင် များနှင့် တွေ့ဆုံပြီး CPU အဖွဲ့ဝင် များ၏    တင်ပြချက်များအပေါ် လိုအပ်သည်များ      ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။    
သတင်းစဉ်