
နေပြည်တော် နိုဝင်ဘာ ၂၄
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ Vice President YONN SINAT ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် မြို့၌ ကျင်းပသည့် အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့(ASEAN-PAC)၏ (၁၈) ကြိမ် မြောက် အကြီးအမှူးများ အစည်း အဝေးသို့ တက်ရောက်ခဲ့ပြီးကမ္ဘော ဒီးယားနိုင်ငံမှ လေကြောင်းခရီး ဖြင့်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ယနေ့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ် သိန်းနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရ သည်။
သတင်းစဉ်