အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဧပြီ   ၆


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးသည် အတွင်းရေးမှူးနှင့်    ကော်မရှင် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့  ညနေပိုင်းတွင်   ဇမ္ဗူသီရိ မြို့နယ်  ဗလသိဒ္ဓိရပ်ကွက်၊  ဓန သိဒ္ဓိရပ်ကွက်၊         ဘောဂသိဒ္ဓိ ရပ်ကွက်၊  သုခသိဒ္ဓိရပ်ကွက်တို့ရှိ ကော်မရှင်ရုံးမှ   အရာထမ်း၊  အမှု ထမ်းများနေထိုင်သည့်    အိမ်ရာ များ၊ လူပျိုနှင့် အပျိုဆောင်များသို့ သွားရောက်စစ်ဆေးသည်။
စစ်ဆေးစဉ်အိမ်ရာ၊ အဆောင် စည်းကမ်းချက်များနှင့်    အညီ နေထိုင်ရေး၊     အဆောက်အဦ များ ပြုပြုင်ထိန်းသိမ်းရေး၊  ရေ၊ မီးနှင့်   ရေနုတ်မြောင်းစနစ်များ ကောင်းမွန်ရေး၊ သန့်ရှင်းသာယာ ရေး၊ လုံခြုံရေးအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး    ကော်မရှင် ဥက္ကဋ္ဌ က ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သော ဝန်ထမ်းများအနေ ဖြင့် အိမ်ရာနှင့် အဆောင်လုံခြုံရေး အတွက် အသိ၊  သတိဖြင့်နေထိုင် ကြရန်၊    အဆောင်စည်းကမ်း၊ တိုက်စည်းကမ်း   လိုက်နာကြရန်၊ ဧည့်သည်များ    လာရောက်ပါက ခွင့်ပြုချက်ဖြင့်တည်းခိုရန်၊ မသက် ဆိုင်သူများ  လက်ခံထားရှိခြင်း မပြုရန်၊ ဧည့်စာရင်းတိုင်ကြားရန်၊  အမှိုက်များစွန့်ပစ်ရာတွင်   စနစ် တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာ နှင့်   အဆောင်ပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများ   ရေစီးရေလာ ကောင်းမွန်ရေး    ဆောင်ရွက်ရန်၊ လျှပ်စစ်မီးနှင့်ရေများကို လေလွင့် မှုမရှိစေရန်၊    စနစ်တကျသုံးစွဲရန် နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး စီမံဆောင်ရွက်ရန်၊    လုံခြုံရေး အထူးသတိပြုရန်၊ တိုက်တာဝန်ခံ၊ ဒုတိယတိုက် တာဝန်ခံများအနေ ဖြင့်     ဧည့်စာရင်းအပါအဝင် သန့်ရှင်းရေးနှင့် စည်းကမ်းတကျ နေထိုင်ရေးအတွက်     စစ်ဆေး ကြပ်မတ်ကြရန်၊        မိသားစု စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။                

သတင်းစဉ်