အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သင်ခန်းစာပို့ချမှု အစီအစဉ်များ ဆောင်ရွက်

 

နေပြည်တော်   ဇန်နဝါရီ   ၂၄
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ယနေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၌    ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှု     တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို  အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာ သင်တန်းပို့ချသည်။ (ယာပုံ)
သင်တန်းတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ က တိုင်းဒေသကြီးနှင့်    ပြည်နယ်အစိုးရအဖွဲ့များတွင် CPU အဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ PFP အစီအစဉ်ကို ဆောင်ရွက်ရန်  နည်းပညာပိုင်းဆိုင်ရာ သင်တန်းပေး ခြင်းဖြစ်ကြောင်း၊   ဝန်ထမ်းများအနေဖြင့်   အဂတိ လိုက်စားမှုကြောင့် အရေးယူခံရပါက ရာထူး၊ ဂုဏ် သိက္ခာ၊ မိသားစုများပါ ထိခိုက်နိုင်သည့်အတွက် CPU အဖွဲ့များအနေဖြင့်  ထိန်းကျောင်းပေးနိုင်ကြောင်း၊ ကျင့်ဝတ်များကို သိရှိပါက မိမိကိုယ်မိမိ ထိန်းကျောင်း နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည် က အမှာစကား ပြောကြားသည်။
ယင်းနောက်  နိုင်ငံတကာရေးရာနှင့်  တားဆီး ကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး က CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း၊ လုပ်ငန်းလမ်းညွှန်   ရေးဆွဲခြင်း၊   အဂတိလိုက်စား နိုင်ခြေ     အန္တရာယ်ရှိမှု   ဆန်းစစ်လေ့လာခြင်း၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်တို့ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး PFP အသုံးပြု ဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ဆောင်ရွက် ကာ အပြန်အလှန် ဆွေးနွေးကြသည်။ 
အလားတူ ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဒုတိယ ညွှန်ကြားရေးမှူးများက      ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်း၌ အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်သည့် အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည် မြှင့်တင်  ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၃)၌ အဂတိလိုက်စား မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာ များ ဆွေးနွေးခဲ့ကြောင်းနှင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး အစီအစဉ်အရ လမ်းမတော် မြို့နယ်   အမှတ် (၂)   အခြေခံပညာအထက်တန်း ကျောင်း၌    မူလတန်းနှင့်   အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကော်မရှင်မှထုတ်ဝေ ဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ်     (ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာများကို    အသိပညာပေး  ဆွေးနွေးပို့ချခဲ့ ကြောင်း သိရသည်။
သတင်းစဉ်