
နေပြည်တော် ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက် သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် က နိုင်ငံတော်နစ်နာ ဆုံးရှုံးမှုကြောင့် အဂတိလိုက်စား မှု မြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ နှင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေး ဥပဒေပါ ပြဌာန်းချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိ နားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာ များကို ရှောင်ကြဉ်နိုင်မည်ဖြစ် ကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်း သော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင် အထည်ဖော် တည်ဆောက်ရမည် ဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။
ယင်းနောက် ကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်ချိုအုန်းက နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ် အေးချမ်းမှုကို အဟန့်အတားဖြစ် သည့် အဂတိလိုက်စားမှုကို အမျိုး သားရေး တာဝန်တစ်ရပ်အဖြစ် တွန်းလှန်တိုက်ဖျက်ရန် လိုအပ်ပါ ကြောင်း၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် အနေဖြင့် အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး အရေးယူခြင်းဆိုသည့် နည်းလမ်း သုံးသွယ်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ “အဂတိပယ်ခွာ ပြည်သာယာ” ဆောင်ပုဒ်နှင့်အညီ အဂတိ လိုက်စားမှုပပျောက်ရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ကော်မရှင်သည် ပညာရေး ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့် မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေး (Edu-tainment) အစီ အစဉ်များကို ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရန်ကုန် မြို့ ရန်ကင်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်း များ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် စွမ်းအင်ဝန်ကြီး ဌာနတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် အဆင်ပြေ ချောမွေ့စွာဆောင် ရွက်နိုင်ရေးအတွက် PFP Web Portal အသုံးပြုနည်းသင်တန်း ပို့ချခြင်းနှင့် ပြည်ထဲရေးဝန်ကြီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ စုံစမ်းစစ်ဆေးမှု အတတ် ပညာသင်တန်း (တောင်ငူ)၊ ဦးစီး အရာရှိ (စုံစမ်းရေး) မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၂)တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများပို့ချ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်