အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး သတင်းမီဒီယာအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

 

နေပြည်တော်   မတ်   ၂၅


အဂတိလိုက်စားမှု   တိုက်ဖျက်ရေး ကော်မရှင်ရုံး၌   ဖွင့်လှစ်ခဲ့သည့် သတင်းမီဒီယာ အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)     သင်တန်း ဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ က   နေပြည်တော်ရှိ    အဂတိ  လိုက်စားမှု တိုက်ဖျက်ရေး  ကော် မရှင်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉  ရောဂါဆိုင်ရာ စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။

 


သင်တန်းဆင်းပွဲတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး  ကော် မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက သတင်း မီဒီယာအခြေခံသင်တန်းမှ     ပို့ချ လိုက်သည့်   ဘာသာရပ်များကို သင်တန်းသား   သင်တန်းသူများ အနေဖြင့် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောင်းဆုံးအသုံးချသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့      တာဝန်ယူဆောင်ရွက် ရသည့်     မည်သည့်လုပ်ငန်းကိုမဆို စိတ်ရင်း    စေတနာကောင်းဖြင့်  ကြိုးပမ်း    ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားသည်။    

 


ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက သတင်းမီဒီယာအခြေခံသင်တန်း တွင် ဘာသာရပ်အလိုက်သင်ကြားပို့ချပေးခဲ့သည့်    ပြန်ကြားရေး ဝန်ကြီးဌာနမှ သင်တန်းနည်းပြ များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ပထမဆုနှင့် ဒုတိယ ဆုများရရှိသည့်   သင်တန်းသူ နှစ်ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 


ယင်းနောက်     ကော်မရှင် အတွင်းရေးမှူးက     သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်း သား     သင်တန်းသူများကိုယ်စား  သင်တန်းသား    ကိုယ်စားလှယ် တစ်ဦးကို   သင်တန်းဆင်း    လက် မှတ်များပေးအပ်ပြီး     အခမ်းအနား ကို   ရုပ်သိမ်းလိုက်ကြောင်း  သိရ သည်။


သတင်းစဉ်