အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကွန်ပျူတာအခြေခံ သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်    ဩဂုတ်   ၅


အဂတိလိုက်စားမှု  တိုက်ဖျက်ရေး ကော်မရှင်ရုံး    ကွန်ပျူတာအခြေခံ သင်တန်း   (၁/၂၀၂၂)  သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်  ၁၀  နာရီတွင်     အဂတိလိုက်စားမှု       တိုက်ဖျက်ရေး      ကော်မရှင်ရုံး      စုပေါင်းခန်းမ၌  ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ   စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ကျင်းပသည်။

 


သင်တန်းဆင်းပွဲတွင်  ကော် မရှင်အဖွဲ့ဝင်   ဦးကျော်ဝင်းသိန်း က ကွန်ပျူတာ    ဘာသာရပ်သည် Electronic Device ကို ကျွမ်းကျင် စွာ  အသုံးပြုနိုင်သည့်  ပညာရပ် တစ်ခုဖြစ်ပြီး Communication စနစ်အတွက်     အရေးပါသည့် အချက်ဖြစ်ကြောင်း၊  Computer နည်းပညာကို           လက်တွေ့ ရုံးလုပ်ငန်းများတွင်    အသုံးချနိုင်ရန်နှင့်    Update    ဖြစ်စေရန်     စဉ်ဆက်မပြတ်   လေ့လာသင်ယူကြရန်     တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 


ထို့နောက်  ကော်မရှင်အဖွဲ့ဝင် က   ပထမဆု၊  ဒုတိယဆုများ ရရှိကြသူများကို      ဂုဏ်ပြု မှတ်တမ်းလွှာနှင့်    သင်တန်းသား ၂၄   ဦး ကိုယ်စား  သင်တန်းသား တစ်ဦးကို    သင်တန်းဆင်းလက် မှတ်များပေးအပ်ကာ    အခမ်း အနားကို  ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

 


အခမ်းအနားသို့   ကော်မရှင် အဖွဲ့ဝင်များ၊     ညွှန်ကြားရေးမှူး ချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့်      တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်