
နေပြည်တော် နိုဝင်ဘာ ၃
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ အသိ ပညာရရှိစေရန်၊ အဂတိလိုက်စား မှုကို တွန်းလှန်တိုက်ဖျက်လိုစိတ် ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည် လာစေရန်၊ အများအကျိုးဆောင် ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန် ကန်စေရန်အတွက် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာ ပေး (Edu- tainment) အစီအစဉ် များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်း နှင့်အလယ်တန်း) အဆင့်များမှ စတင်၍ အသိပညာပေးအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် အထက(ရေဆင်း)၌ မူလတန်း အဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင် ရေး ပညာပေးအစီအစဉ် (ဆရာ ကိုင်) စာအုပ်များမှ သင်ခန်းစာ အချို့နှင့် ပညာပေး (Edu- tain-ment) အစီအစဉ်ပါ အကြောင်း အရာများကို ဖော်ပြဆွေးနွေး ဆောင်ရွက်ခဲ့ပြီး အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူ ဝင်းနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါ ကြီးကြပ်စစ်ဆေးပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ စာအုပ်များ၊ လက်ကမ်း စာစောင်များနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအမှတ်တံဆိပ်ပါ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်