အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်လှစ်

 

 

နေပြည်တော်   ဧပြီ   ၂၅  
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အင်္ဂလိပ်စာ  အခြေခံ သင်တန်း        (Basic  English Course)    ဖွင့်ပွဲအခမ်းအနားကို ယနေ့   နံနက်  ၁၁  နာရီခွဲတွင် အဂတိလိုက်စားမှု  တိုက်ဖျက်ရေး ကော်မရှင်ရုံး    သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့       အဂတိ လိုက်စားမှု        တိုက်ဖျက်ရေး ကော်မရှင်ရုံး   ညွှန်ကြားရေးမှူး ချုပ် ဦးလွင်အောင်၊         ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ ဦးကျော်ထွေးနှင့်   ညွှန်ကြားရေး မှူးများ၊  ဒုတိယညွှန်ကြားရေးမှူး များ၊ သင်တန်းသား  သင်တန်းသူ များ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင်  ညွှန်ကြား ရေးမှူးချုပ်    ဦးလွင်အောင်က အမှာစကားပြောကြားပြီး သင်တန်းသို့     သင်တန်းသား သင်တန်းသူ ၂၀  တက်ရောက်ကာ   သင်တန်းကာလမှာ   ဧပြီ ၂၅ ရက် မှ  ဇွန် ၁၇ ရက်အထိ    ရက်သတ္တ ရှစ်ပတ်   ကြာမြင့်မည်ဖြစ်ကြောင်း    သိရသည်။
သတင်းစဉ်