အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၀ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ ကျင်းပ သည်။ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်း ရေးမှူး ဦးထင်ကျော်နှင့် အဖွဲ့ဝင်များက ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မှဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းတွင် ထူးချွန်စွာဖြေဆို အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများကို လည်းကောင်း၊ ၂၀၂၂ခုနှစ် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ သည့် ဝန်ထမ်းကို လည်းကောင်း ဆုများချီးမြှင့် ပေးအပ်သည်။ ထို့နောက်ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ ဆရာနှင့်တပည့် စောင့်ရှောက် ထောက်ပံ့ကူညီမှု အစီအစဉ်အရ လစဉ်ထည့်ဝင်ငွေ များဖြင့် ကော်မရှင်ရုံးရှိ ဝန်ထမ်း ၄၆၀ တို့အတွက် စုစုပေါင်းငွေကျပ် ၈၂၄၆၉၀၀ တန်ဖိုးရှိ တူညီဝတ်စုံ များကို ပေးအပ်ခဲ့ပြီး ကင်ဆာရောဂါဖြင့် ခွဲစိတ်ကုသ မှု ခံယူနေရသည့် ဝန်ထမ်းနှစ်ဦးကို ကျန်းမာရေး ထောက်ပံ့စရိတ်အနေဖြင့် ငွေကျပ် ၃၀၇၁၅၀၀ ကို ပေးအပ်သည်။ ထို့ပြင် ကော်မရှင်ရုံးနှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် အားကစားနည်း ၁၅ မျိုး ပါဝင်သည့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့က ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဦးစီးဌာနကိုယ်စားပြုအသင်းများ၊ ဝန်ထမ်းများနှင့် တံခွန်စိုက်ဖလားဆုရရှိခဲ့သည့် စီမံရေးရာဦးစီးဌာနကို ဆုတံဆိပ်များ ချီးမြှင့်ပေးအပ် ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်