
နေပြည်တော် စက်တင်ဘာ ၁၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် လယ်ဝေး မြို့ အထက-၁ ကျောင်း အစည်း အဝေးခန်းမ၌ကျင်းပရာ ကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်တင့်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြား ရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
အဆိုပါ စကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင်က အဂတိ လိုက်စားမှုသည် လာဘ်ပေး လာဘ်ယူမှုထက် များစွာကျယ်ပြန့် ကြောင်း၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ကို သက်ရောက်စေနိုင်ကြောင်း၊ ကဏ္ဍအလိုက် လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်များပျက်ယွင်းပြီး မလုပ်သင့် မလုပ်ထိုက်သည်ကို လုပ်ခြင်းကြောင့် အဂတိလိုက်စား မှုများ ဖြစ်ပေါ်လာကြောင်း၊ လုပ်ငန်းခွင်တွင်လည်း ခွဲခြား ဆက်ဆံမှုများကြောင့် အဂတိ လိုက်စားမှုကို ဖြစ်စေကြောင်း၊ အများပြည်သူအကျိုး ဆောင် ရွက်ရန် အပ်နှင်းထားသည့် အခွင့် အာဏာကို အလွဲသုံးခြင်းသည် အဂတိတရားဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုကြောင့် ကောင်းမွန် သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ တည်ဆောက်ရာတွင် အဟန့်အတား ဖြစ်စေကြောင်း၊ လူငယ်များ အနာဂတ်တွင် ကောင်းမွန်သည့် လုပ်ငန်းခွင်၊ လူမှုဘဝများရရှိစေရန် အဂတိ တရားကို တိုက်ဖျက်ရန် အဓိက ကျပါကြောင်း၊ အဂတိတရားကို တိုက်ဖျက်ရာတွင် ကိုယ်ကျင့် တရားကောင်းမွန်မှု အလေ့အကျင့် သည် အဓိကကျသဖြင့် လူငယ် များကို ငယ်စဉ်ကပင် ကိုယ်ကျင့် တရား ကောင်းမွန်စေရန် စာသင် ကျောင်းများမှအစပြု၍ လေ့ကျင့် သင်ကြားပေးရန်လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံက အားကိုးအားထားပြုရ သည့်၊ ဖြောင့်မတ်တည်ကြည်သည့် အနာဂတ်ခေါင်းဆောင် ဖြစ်လာ စေရေး ကြိုးစားအားထုတ်ကြရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ “အဂတိလိုက် စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့ ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကို ကျင်းပပြီး လယ်ဝေးမြို့ အထက-၁ ကျောင်းမှ ကျောင်းသား ကျောင်းသူများက ၎င်းတို့သိရှိလို သည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက် ကြသည့် ကျောင်းသား ကျောင်းသူ များက ပြန်လည်ဖြေကြားခဲ့ ကြသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်း နှင့်အလယ်တန်း) အဆင့်များမှ စတင်၍ အသိပညာပေး အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ မော်လမြိုင်မြို့ အလက (ခွဲ)၊ ဖားအောက် အခြေခံပညာ အလယ်တန်းကျောင်း၌ မူလတန်း အဆင့် ကျောင်းသား ကျောင်းသူ ၁၈၂ ဦးကို ကော်မရှင်ရုံးခွဲမှ အမှုထမ်းတစ်ဦးက ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာ ပေးအစီအစဉ် (ဆရာကိုင်) စာအုပ် များမှ သင်ခန်းစာနှင့် ပညာ ပေး (Edutainment) အစီအစဉ် ပါ အကြောင်းအရာများကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်