အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ် ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုကို စာသင်ကျောင်းများမှ စတင်ပျိုးထောင်ရမည်

 

 

နေပြည်တော်    မေ   ၁၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၂)နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်း စာစောင်    (၃)   လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 
အခမ်းအနားသို့    ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေ၊        အဂတိ လိုက်စားမှု            တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒုတိယ ဝန်ကြီးများ၊ ကော်မရှင်အတွင်းရေး မှူးနှင့်  ကော်မရှင်အဖွဲ့ဝင် ဦးမောင် မောင်တင့်၊   ဌာနဆိုင်ရာ  တာဝန်ရှိ သူများ တက်ရောက်ကြသည်။ 
ပိုမိုအလေးထား
အခမ်းအနားတွင်      အဂတိ လိုက်စားမှု             တိုက်ဖျက်ရေး ကော်မရှင်     ဥက္ကဋ္ဌ     ဦးတင်ဦးက တက္ကသိုလ်အဆင့်        ရည်ညွှန်း စာစောင်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး      အသိပညာပေး အဖြစ် ရည်ညွှန်းကိုးကားနိုင်ရန်နှင့်  သင်ခန်းစာများအဖြစ် ထည့်သွင်း ရေးဆွဲသင်ကြားနိုင်ရန်  ရည်ရွယ် ပြီး       ပညာရေးဝန်ကြီးဌာနသို့  လွှဲပြောင်းပေးအပ်ခြင်း    ဖြစ်ပါ ကြောင်း၊        အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင်     တရားစွဲဆို အရေးယူရုံမျှဖြင့် အောင်မြင်နိုင် မည်မဟုတ်ကြောင်း၊ ဖြောင့်မတ် တည်ကြည်မှုရှိသည့် လူမှုအသိုက် အဝန်းကို တည်ဆောက်ဖော်ဆောင် နိုင်မှသာ    အဂတိလိုက်စားမှုကို  ရှောင်ရှားနိုင်မည် ဖြစ်ပါကြောင်း၊ ကော်မရှင်အနေနှင့်      အဂတိ လိုက်စားမှုများကို   တိုက်ဖျက်ရာ  တွင် ဖြောင့်မတ်တည်ကြည်မှုကို  မြှင့်တင်ပေးသည့်   အပြုသဘော ဆောင်သော  နည်းလမ်းကို    ပိုမို အလေးထား   ကြိုးပမ်းအားထုတ် လျက်ရှိပါကြောင်း၊   ဖြောင့်မတ် တည်ကြည်မှုရှိသည့် ယဉ်ကျေးမှု ကို စာသင်ကျောင်းများမှ စတင်  ပျိုးထောင်ရမည်ဖြစ်ပါကြောင်း  ပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ  ဦးတင်ဦးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေထံသို့ အဂတိ လိုက်စားမှု           တိုက်ဖျက်ရေး တက္ကသိုလ်အဆင့်        ရည်ညွှန်း စာစောင် (၂)၊ ဖြောင့်မတ်တည်ကြည် မှုနှင့်ကျင့်ဝတ်       တက္ကသိုလ် အဆင့်    ရည်ညွှန်းစာစောင်    (၃)     တို့ကို      လွှဲပြောင်းပေးအပ်ပြီး     ပြည်ထောင်စုဝန်ကြီးက   ကော်မရှင် ဥက္ကဋ္ဌထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက်       ပြည်ထောင်စု ဝန်ကြီး    ဒေါက်တာညွန့်ဖေက ယနေ့   လွှဲပြောင်းပေးအပ်သည့် တက္ကသိုလ်အဆင့်     ရည်ညွှန်း စာစောင်များသည် ရည်ရွယ်ချက် ကောင်းများဖြင့် ပြုစုထုတ်ဝေခြင်း ဖြစ်ကြောင်း၊ ကျောင်းသားလူငယ် များကို အဂတိလိုက်စားမှုကင်းစင် ပြီး    ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ကောင်းမွန်သည့် နိုင်ငံ သားကောင်းများ ဖြစ်လာစေရေး အတွက် အထောက်အကူပြုနိုင် မည်ဟု     ယုံကြည်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန   အနေဖြင့် တက္ကသိုလ်အဆင့်     ရည်ညွှန်း စာစောင်များကို         သက်ဆိုင်ရာ တက္ကသိုလ်များသို့     ဆက်လက် ပေးပို့ဖြန့်ဝေပြီး          တက္ကသိုလ် စာကြည့်တိုက်များတွင်  ထားရှိ ကာ  ကျောင်းသားများ    ဖတ်ရှု လေ့လာစေ၍ အသိပညာပေးရေး ဆိုင်ရာ        အခမ်းအနားများ၊ ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက် ပေးသွားမည်        ဖြစ်ပါကြောင်း ပြောကြားသည်။ 
အခမ်းအနားတွင်    အဂတိ လိုက်စားမှု          တိုက်ဖျက်ရေး ကော်မရှင်က  ပညာရေးဝန်ကြီး ဌာနသို့         အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ်အဆင့်  ရည်ညွှန်းစာစောင် (၂)၊ ဖြောင့်မတ် တည်ကြည်မှုနှင့်        ကျင့်ဝတ် တက္ကသိုလ်အဆင့်      ရည်ညွှန်း စာစောင် (၃) စာအုပ် စုစုပေါင်း အုပ်ရေ  ၄၀၀၀  လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်