အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၂၄


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ မဟာ ဗျူဟာစီမံချက်ဖြစ်သည့် လုပ်ငန်းကဏ္ဍ (၆)၊ လုပ်ငန်း စဉ် (၁) အရ အဂတိလိုက်စားမှုတားဆီးကာကွယ် ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအောက် ရှိ  ဌာနများတွင်   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဟောပြောပွဲများနှင့် တားဆီးကာကွယ်ရေးပညာပေး အစီအစဉ်များ” ကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် ရည်ရွယ်လျက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့်    ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ    အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းနှင့်    အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ  နည်းပညာသင်တန်းပို့ချခြင်း အခမ်းအနားကို ယနေ့  နံနက်ပိုင်းတွင်   ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်  ပဲခူးတိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းက အစိုးရဌာနအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်    အဂတိလိုက်စားမှု မြောက်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်နစ်နာဆုံးရှုံးမှု ကြောင့် အဂတိလိုက်စားမှုမြောက်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများကိုသိရှိပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဋ္ဌာန်းချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များကို နားလည်သဘောပေါက်လာ ကာ အဂတိလိုက်စားမှုကို ရှောင်ကြဉ်လာနိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အသိပညာပေး ခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေး ယူခြင်းဟူသည့်  လုပ်ငန်းစဉ် (၃) ရပ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မဟာဗျူဟာစီမံ ချက် (၂၀၂၂-၂၀၂၅)ကို ချမှတ်ရေးဆွဲ၍ နှစ်စဉ်လုပ်ငန်း အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ယင်းမဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်များကို  ထိရောက်စွာ  အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကော်မရှင်အနေ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ် ခံယူလျက် သန့်ရှင်းသော အစိုးရနှင့်     ကောင်းမွန်သော    အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်စေရန် တစ်ခန်းတစ်ကဏ္ဍက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပြီး  အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း နှင့် စပ်လျဉ်း၍ ဥပဒေရှုထောင့်မှ ဆွေးနွေးတင်ပြခြင်း၊ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက် လာသူများက အပြန်အလှန်  မေးမြန်းဆွေးနွေးခြင်း၊ ကော်မရှင်အဖွဲ့ဝင်နှင့်  ကော်မရှင်ရုံးဝန်ထမ်းများက ပြန်လည်ဖြေကြားခြင်းတို့  ဆောင်ရွက်သည်။

 


အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား သို့    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ ဥပဒေချုပ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာန ဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြပြီး ဒုတိယ နေ့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာ နည်းပညာသင်တန်းပို့ချခြင်းအစီအစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်