
နေပြည်တော် ဒီဇင်ဘာ ၂၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ တာဝန်ထမ်း ဆောင်နေသော အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရန်၊ ဝန်ထမ်းများ၏ လေ့လာမှုနှင့် စာဖတ်စွမ်းရည် မြင့်မားလာစေရန်၊ အများရှေ့တွင် တင်ပြနိုင်မှုစွမ်းရည်(Presentation Skill) မြှင့်တင်ရန်၊ ဖြောင့်မတ် တည်ကြည်မှုနှင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ မျှဝေပေးနိုင်ရန် အတွက် ဖြောင့်မတ်တည်ကြည်မှု နှင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေး ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ပါဝင်ဆွေးနွေးသူများ နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာ စကားပြောကြားရာတွင် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခြင်းကြောင့် ဝန်ထမ်းများ လေ့လာသင်ယူမှုပိုမို အားကောင်းလာပြီး အသိပညာ ဗဟုသုတတိုးပွားလာမည် ဖြစ် ကြောင်း၊ ကော်မရှင်ဝန်ထမ်းများ အနေဖြင့် အဂတိလိုက်စားခြင်း ကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုး များကို သေချာစွာသိရှိထားမှသာ လျှင် အခြားသူများကို အသိပညာ ပေး ဆွေးနွေးနိုင်မည်ဖြစ်ပြီး ကိုယ်တိုင် ကျင့်ဝတ်နှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် အဂတိ ကင်းစင်ရန် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စား ခြင်းသည် ရှက်ရွံ့စရာဖြစ်ကြောင်း လူတိုင်းရင်ထဲ စွဲမြဲသည်အထိ ပြုပြင်ပြောင်းလဲပေးနိုင်ရေး စံနမူနာ ပြ ပြုမူနေထိုင်ကျင့်ကြံရမည်ဖြစ် ကြောင်း၊ အဂတိလိုက်စားခြင်း သည် ကိုယ်ကျင့်တရားပျက်ယွင်း ခြင်းဖြစ်သည့်အတွက် အဂတိ လိုက်စားမှုကျူးလွန်သူ၏ ဂုဏ် သိက္ခာကိုသာမက နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုလည်း များစွာ ထိခိုက် ကျဆင်းစေနိုင်ကြောင်း၊ အဂတိလိုက်စားမှုများကို တိုက် ဖျက်ရာတွင် ကော်မရှင်တစ်ခု တည်း၏ ကြိုးပမ်းအားထုတ်ခြင်း ဖြင့် ဆောင်ရွက်နိုင်မည်မဟုတ် ကြောင်း၊ အစိုးရဌာနအဖွဲ့အစည်း များ၊ ပုဂ္ဂလိက၊ အရပ်ဘက်အဖွဲ့ အစည်းများသာမက နိုင်ငံသား တိုင်း၏ ပူးပေါင်းပါဝင်မှုများ လိုအပ်ကြောင်း၊ အဂတိလိုက်စား မှုကို လုံးဝလက်မခံသည့် ယဉ်ကျေး မှုတစ်ရပ်ဖြစ်ပေါ်ရေးနှင့် အဂတိ လိုက်စားမှုကင်းစင်သည့် လူ့အဖွဲ့ အစည်းဆီသို့ ဦးတည်ရာ၌ ခိုင်မာ သော သန္နိဋ္ဌာန်၊ မယိမ်းမယိုင် သော ဖြောင့်မတ်တည်ကြည်မှုရှိမှ သာ အောင်မြင်စွာ ဖြတ်ကျော်နိုင် မည်ဖြစ်ကြောင်း၊ အဂတိလိုက်စား မှုများကို လုံးဝသည်းခံခွင့်လွှတ်မှု မပြုခြင်းဖြင့် အဂတိလိုက်စားမှု ကင်းစင်သော အနာဂတ်ဆီသို့ လက်တွဲဆောင်ရွက်ကြရန် လိုအပ် ကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ ကို ဆက်လက်ကျင်းပရာ Moderator ဦးဆောင်ဆွေးနွေးသူ အဖြစ် ညွှန်ကြားရေးမှူး ဦးလင်း ဝေအောင်က ဆောင်ရွက်ပြီး ကော်မရှင်ရုံးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်အိအိကျော်က “အဂတိ လိုက်စားမှုကို ရှက်ရွံ့ခြင်းနှင့် ဆန့်ကျင်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စီမံရေးရာဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးကျော်သူက “ဖြောင့်မတ် တည်ကြည်မှုရှိသည့် လုပ်ငန်းခွင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်ဆုလာဘ်နွယ်က “အဂတိလိုက်စားမှုကို လုံးဝ လက်သင့်မခံသည့် လူ့အသိုက် အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြ၍ တက်ရောက်လာသူများက ပါဝင် ဆွေးနွေးပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည် ဖြေကြားကြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်