အဂတိကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဖြင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်ရမည်

 

ရန်ကုန်   နိုဝင်ဘာ   ၂၂


အဂတိလိုက်စားမှု    တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး    ရှင်းလင်းဆွေးနွေးပွဲကို   ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ နိုဝင် ဘာ ၂၁ ရက်က ကျင်းပသည်။

 


ဆွေးနွေးပွဲတွင်    တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ယနေ့ ရှင်းလင်းဆွေးနွေးပွဲမှ သိရှိရ သည့်    အဂတိလိုက်စားမှုတိုက်ဖျက်ရေး   အချက် အလက်များ၊    အသိအမြင်ဗဟုသုတများကို  မိမိ ပတ်ဝန်းကျင်အဖွဲ့အစည်းများသို့  ပြန်လည်မျှဝေ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး    လုပ်ငန်းစဉ်တွင်  ပါဝင်ကြရန်၊   အဂတိလိုက်စားမှုများကြောင့်   နိုင်ငံ တော်၏ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း၊ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို  အဟန့်အတားဖြစ်စေ ခြင်း၊   ပြည်သူများ၏ ယုံကြည်မှုလျော့ကျစေခြင်း တို့အပြင် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှု ယဉ်ကျေးမှုကြီးတစ်ခုလုံး ယိုယွင်းပျက်စီးစေနိုင်၍  မိမိကစပြီး အဂတိလိုက်စားမှုကို  ငြင်းဆိုရန်၊   အဂတိ ကင်းရှင်းသော   နိုင်ငံ့ဝန်ထမ်းများဖြင့်   သန့်ရှင်းသော အစိုးရနှင့်   ကောင်းမွန်သော    အုပ်ချုပ်ရေးစနစ်တစ်ခု ကို    အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းနှင့် လာရောက်ဟောပြောဆွေးနွေးပေးသော    အဂတိ လိုက်စားမှု    တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများအား ကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။

 


ထို့နောက်   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက အမှာစကားပြောကြားပြီး  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်     ဦးသန်းထွတ်သိန်းက အဂတိလိုက်စားမှုတိုက်ဖျက် ရေးနှင့် စပ်လျဉ်းသည့်  ဆောင်ရွက်မှုများ၊  ကော်မရှင် မှ   ညွှန်ကြားရေးမှူးချုပ်    ဦးထိန်လင်းက    အဂတိ လိုက်စားမှု    တိုက်ဖျက်ရေး    ဥပဒေအကြောင်းကို ပြောကြားကာ   ကော်မရှင်မှ  တာဝန်ရှိသူများက မြန်မာနိုင်ငံ၏     အဂတိလိုက်စားမှု    တိုက်ဖျက်ရေး သမိုင်းကြောင်းနှင့်  ကော်မရှင်ဖြစ်ပေါ်လာပုံ၊  အဂတိ လိုက်စားမှု    တိုက်ဖျက်ရေး   ဥပဒေအကြောင်း သိကောင်းစရာများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ အသိပညာပေးကဏ္ဍ၊ တားဆီးကာကွယ် ရေးကဏ္ဍနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍ  စသည်တို့ကို    ဆွေးနွေးပို့ချကာ ညနေပိုင်းတွင် ဘာသာရပ်များနှင့် စပ်လျဉ်း၍     ပြန်လည်သုံးသပ်   ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

 
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်   ဒေါ်စန္ဒာသွယ်၊  တိုင်းဒေသကြီး ဝန်ကြီးများ၊   အဂတိလိုက်စားမှု   တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊    တိုင်းဒေသကြီးတရား လွှတ်တော်   တရားသူကြီးများ၊  တိုင်းအဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကာ နိုဝင်ဘာ ၂၂ ရက်တွင် လည်း တိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) မှ အဖွဲ့ဝင်များအား အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စား မှု တားဆီးကာကွယ်ရေးဆိုင်ရာများ ပို့ချဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)