ရန်ကုန် နိုဝင်ဘာ ၂၈
၂၀၂၃-၂၀၂၄ ရာသီ AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုပွဲစဉ် (၅) ကို နိုဝင်ဘာ ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်း သည် အဝေးကွင်းအဖြစ် ဩစတြေးလျ ကလပ် မက်ကာသာအသင်းနှင့် နိုဝင်ဘာ ၃၀ ရက်တွင် ထိုင်းနိုင်ငံရှိ BG Stadium ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရှမ်းယူနိုက်တက် အသင်းသည် နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက် မရှိသော်လည်း မက်ကာသာအသင်းမှာ မူ နောက်တစ်ဆင့်တက်ရန် မဖြစ်မနေ နိုင်ပွဲရယူနိုင်ရန် လိုအပ်နေသည်။
လေးပွဲစီကစားအပြီးတွင် ရှမ်းယူ နိုက်တက်အသင်းက တစ်မှတ်၊ မက်ကာသာအသင်းက ကိုးမှတ် ရရှိထားသည်။ ရှမ်းယူနိုက်တက် အသင်းသည် မက်ကာသာအသင်း နှင့် ပထမအကျော့တွေ့ဆုံရာတွင် အိမ်ကွင်း၌ သုံးဂိုးပြတ် အရေးနိမ့် ထားသည်။ ရှမ်းယူနိုက်တက်အသင်း သည် ပထမအကျော့ပွဲများတွင် မက်ကာသာအသင်းကို အိမ်ကွင်း၌ သုံးဂိုး - ဂိုးမရှိ၊ ကမ္ဘောဒီးယား ကလပ် ဖနွမ်းပင်ခရောင်းအသင်းကို အဝေးကွင်း၌ လေးဂိုးပြတ်၊ ဖိလစ်ပိုင်ကလပ် ဆီဘူးအသင်းကို အဝေးကွင်း၌ တစ်ဂိုး - ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့ အဖွင့်ပွဲတွင် ဆီဘူးအသင်းကို အိမ်ကွင်း၌ တစ်ဂိုးစီ သရေကျခဲ့ သည်။
မက်ကာသာ အသင်းသည် ပထမအကျော့ ပွဲများတွင် ရှမ်းယူနိုက်တက်အသင်းကို သုံးဂိုး ပြတ်၊ ဆီဘူးအသင်းကို အိမ်ကွင်း၌ ရှစ်ဂိုး - နှစ်ဂိုးဖြင့် အနိုင်ရပြီး ဖနွမ်းပင် ခရောင်းအသင်းကို အဝေးကွင်း၌ သုံးဂိုးပြတ် အရေးနိမ့် ခဲ့ကာ ဒုတိယအကျော့ပထမပွဲတွင် ဖနွမ်းပင် ခရောင်းအသင်းကို အိမ်ကွင်း၌ ငါးဂိုးပြတ် အနိုင်ရခဲ့ သည်။
ရဲရင့်လွင်
ဓာတ်ပုံ-သော်လေး