အေဒင်ပင်လယ်ကွေ့ရှိ ဗြိတိန်ရေနံတင်သင်္ဘောကို ဟူသီအဖွဲ့ဒုံးကျည်ဖြင့် တိုက်ခိုက်

 

ဆာနား   ဇန်နဝါရီ    ၂၇


ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့သည် အေဒင်ပင်လယ်ကွေ့၌ ဗြိတိန်ရေနံတင်သင်္ဘောကို ဒုံးကျည် သစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက်က ပြောကြားသည်။


ဇန်နဝါရီ  ၂၆  ရက်က    အေဒင်ပင်လယ်ကွေ့၌ ဒုံးကျည်များဖြင့်        ဗြိတိန်ရေနံတင်       သင်္ဘော မာလင်လူဝါဒါ ကို  ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ပစ်မှတ်တိကျသောကြောင့်         သင်္ဘောပေါ်တွင် မီးလောင်ခဲ့ကြောင်း     ဟူသီတပ်ဖွဲ့ပြောရေးဆိုခွင့် ရှိသူ ယာ့ယာဆာရီက ထုတ်ပြန်ချက်တွင် ပြောကြား သည်။


ဟူသီအဖွဲ့ပစ်ခတ်မှုကြောင့် သင်္ဘောကို ထိမှန် ပြီး    မီးလောင်သွားသဖြင့်   အရေးပေါ်အကူအညီတောင်းခံခဲ့ရကြောင်း ဗြိတိန်ရေကြောင်းကုန်သွယ် မှုလုပ်ငန်း(ယူကေအမ်တီအို)က ပြောကြားသည်။


ထို့ပြင်    ယင်းနေ့အစောပိုင်းကလည်း    ဟူသီ အုပ်စုက  အေဒင်ပင်လယ်ကွေ့၌  အမေရိကန်ဖျက် သင်္ဘော   ယူအက်စ်အက်စ်ကာနေးဆီသို့   သင်္ဘော ဖျက်ဒုံးကျည်တစ်စင်းဖြင့်  ပစ်ခတ်ခဲ့ကြောင်း   အမေ ရိကန်ဗဟိုဌာနချုပ်က ပြောကြားသည်။

 
ပင်လယ်နီတွင် တင်းမာမှုများမြင့်တက်လာပြီး အမေရိကန်နှင့်  ဗြိတိန်တို့က ဇန်နဝါရီ ၁၂ ရက်မှ စတင်ကာ ဟူသီအဖွဲ့ကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများပြုလုပ်နေချိန်တွင်  ဟူသီအုပ်စုက ကုန်သွယ်ရေးရေယာဉ်များကို      တိုက်ခိုက်ခြင်းဖြင့် ပါလက်စတိုင်းတို့နှင့် တညီတညွတ်တည်းရှိကြောင်း ၎င်းအုပ်စုက ပြောကြားသည်။

ဆင်ဟွာ