
တိုကျို နိုဝင်ဘာ ၂
ပတ်ဝန်းကျင်အခြေအနေကို ပိုမို မှတ်မိနိုင်သည့် ကင်မရာအသုံးပြု ထားသော အလိုအလျောက် မောင်းနှင်သည့်ကားကို အဆင့် မြှင့်တင်နိုင်ရေးအတွက် ဟွန်ဒါ ကုမ္ပဏီက ကြိုးပမ်းလျက်ရှိသည် ဟု သိရသည်။
အလိုအလျောက် မောင်းနှင် နိုင်သည့်နည်းပညာကို စီးပွားရေး ဈေးကွက်တွင် အသုံးချနိုင်ရေး အတွက် ဟွန်ဒါကုမ္ပဏီ၏ နောက်ထပ် ကြိုးပမ်းချက်တစ်ခု လည်းဖြစ်သည်။ အဆိုပါ နည်းပညာဖြင့် စမ်းသပ်မောင်းနှင် မှုကို ယခုလအတွင်း ဂျပန်နိုင်ငံ တွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ မော်တော်ကားတွင် တပ်ဆင်ထားသည့် ကင်မရာများ က ပတ်ဝန်းကျင်အခြေအနေ ကို ပိုမိုဖမ်းယူနိုင်မည်ဖြစ်ပြီး ဘေးမှ ဖြတ်သန်းသွားလာနေသည့် ကားများနှင့် လမ်းသွားလမ်းလာ များကိုလည်း ဘေးအန္တရာယ် မဖြစ်ဘဲ ရှောင်ရှားနိုင်သည့် နည်းပညာ ပါဝင်မည်ဖြစ်သည်။ ဆင်ဆာစနစ် မပါဝင်သည့်အတွက် ကားထုတ်လုပ်မှုတွင် ကုန်ကျ စရိတ်လည်း နည်းပါးမည်ဟု ကုမ္ပဏီက ပြောသည်။
ခရီးသည်အနေဖြင့် မော်တော် ကားကို လမ်းညွှန်ရာတွင် ပိုမို လွယ်ကူစေရန်အတွက် လူသားတို့ ၏စကားလုံးများနှင့် ဟန်အမူ အရာကိုပါ နားလည်နိုင်သည့် အေအိုင်စနစ်သုံး နည်းပညာကိုပါ အဆင့်မြှင့်တင်သွားရန် ဟွန်ဒါ ကုမ္ပဏီက ရည်မှန်းထားသည်။ လူများ ခရီးသွားလာရာတွင် လွယ်လွယ်ကူကူနှင့် လုံခြုံစိတ်ချ စွာ သွားလာနိုင်ရေးအတွက် ကောင်းမွန်သည့် ရွေ့လျားမှု နည်းပညာ လိုအပ်ကြောင်းနှင့် ယင်းအတွက် ဟွန်ဒါကုမ္ပဏီမှ ကြိုးစားလုပ်ကိုင်လျက်ရှိကြောင်း အင်ဂျင်နီယာချုပ် ယာဆူအီယူဂျီ က ပြောသည်။
ယခု စမ်းသပ်နေသည့် နည်းပညာကို ၂၀၃၀ ပြည့်နှစ် တွင် အသုံးပြုသွားနိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ