အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ တစ်ဘီလီယံကျော် ဂျပန်နိုင်ငံ ကတိပြု

 

တိုကျို   စက်တင်ဘာ   ၂၂


ဂျပန်ဝန်ကြီးချုပ်  ဖူမီယို  ကီရှီးဒါး သည်   လာမည့်သုံးနှစ်အတွင်း အေအိုင်ဒီအက်စ်ရောဂါ၊   တီဘီ ရောဂါနှင့်    ငှက်ဖျားရောဂါတို့ကို တိုက်ဖျက်ရန်  နိုင်ငံတကာ  ရန်ပုံ ငွေသို့ ဒေါ်လာ ၁ ဒသမ ၀၈ ဘီလီ ယံ ထည့်ဝင်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

 


ကုလသမဂ္ဂအထွေထွေ ညီလာခံ သို့ တက်ရောက်ရန် နယူးယောက် မြို့၌ရှိနေသည့်ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါးသည် တိုးမြှင့်ထည့်ဝင်ရန် အမေရိကန်သမ္မတ      ဂျိုးဘိုင်ဒင် ဖိတ်ခေါ်သည့်    အစည်းအဝေး ကို တက်ရောက်ခဲ့ကြောင်း   သိရ သည်။

 


နိုင်ငံတကာ   အသိုင်းအဝိုင်း မှ    လူပုဂ္ဂိုလ်တိုင်းသည်   ၂၀၃၀ ပြည့်နှစ်တွင်   ကူးစက်ရောဂါကြီး      သုံးပါးကို   ကျော်လွှားနိုင်ရမည် ဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်စေရန် လက်တွဲ ဆောင်ရွက်ရမည်    ဖြစ်ကြောင်း ဝန်ကြီးချုပ်  ကီရှီးဒါးက  ပြော ကြားသည်။

 


ဂျပန်နိုင်ငံအစိုးရနှင့်    သက် ဆိုင်ရာ    အဖွဲ့အစည်းများသည် ကမ္ဘာ့ရန်ပုံငွေ ထည့်ဝင်ရေးဆိုင် ရာ လုပ်ငန်းဆောင်တာများတွင် ပါဝင်ကူညီရန်     ဦးဆောင်သွား မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကတိပြုပြောကြားသည်။

          
 အင်န်အိတ်ချ်ကေ