အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်

 

နေပြည်တော်  ဇန်နဝါရီ   ၂၇

 


တပ်မတော်အနေဖြင့် နိုင်ငံတော်  ကာကွယ်ရေး    တာဝန်အပြင် နိုင်ငံ့အကျိုးပြု  လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ  ကူညီထမ်း ဆောင်လျက်ရှိရာ      ပြည်သူ့ အကျိုးပြု လုပ်ငန်းတာဝန်များ အနက် ပြည်သူများ၏ ကျန်းမာ ရေးဝန်ဆောင်မှု လုပ်ငန်းများကို တိုင်းဒေသကြီးနှင့်    ပြည်နယ် အလိုက်    လိုအပ်သောနေရာ များတွင်   ဆောင်ရွက်ပေးလျက် ရှိသည်။ 

 


ထိုသို့ဆောင်ရွက်ပေးလျက် ရှိရာ    တပ်မတော်သားများနှင့် မိသားစုဝင်များအပြင်     ဒေသခံ ပြည်သူများကိုပါ   ကျန်းမာရေး စောင့်ရှောက်မှု   လုပ်ငန်းများ ဆောင်ရွက်ပေးလျက်   ရှိသည့် အောင်ပန်းမြို့ရှိ    တပ်မတော် ဆေးရုံ၌ ယနေ့တွင် ပထမဆုံး အကြိမ် ကျောက်ကပ်အစားထိုး လူနာ နှစ်ဦးကို အောင်မြင်စွာ အစားထိုး   ခွဲစိတ်ကုသပေးနိုင် ကြောင်း  သိရသည်။ 

 


နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ    ဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏   ၂၀၂၀  ပြည့် နှစ် ဇွန်လတွင်  လာရောက်သည့် ခရီးစဉ်အတွင်း         လမ်းညွှန် မှာကြားခဲ့သည့်    ကျောက်ကပ် ပျက်စီးသည့် ဝေဒနာရှင်လူနာ များကို ကျောက်ကပ်အစားထိုး   ခွဲစိတ်ကုသပေးနိုင်ရေး        လမ်း ညွှန်ချက်အရ         အကြောင်း အမျိုးမျိုးကြောင့် ကျောက်ကပ်      ပျက်စီးသည့် လူနာများအတွက် ကျောက်ကပ်ဆေးသည့်  ဆေး ကုသမှုအပြင်    ကျောက်ကပ် အစားထိုးကုသမှုကို ပထမဆုံး အကြိမ်  အောင်မြင်စွာ  ခွဲစိတ် ကုသပေးနိုင်ခဲ့ခြင်း  ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ    ခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံမှ     တပ်မှူး ဗိုလ်မှူးချုပ်              စောရန်နိုင် ဦးဆောင်သည့်              ဆီးနှင့် ကျောက်ကပ်  ခွဲစိတ်ပါရဂူများ၊ ဗိုလ်မှူးကြီး      ဒေါ်ခင်ဖြူပြာ ဦးဆောင်သည့် ကျောက်ကပ်ကု သမားတော်များ၊   ဗိုလ်မှူးကြီး ဒေါ်ယုအေးလတ် ဦးဆောင်သည့် မေ့ဆေးပါရဂူများနှင့် ကျွမ်းကျင် သူနာပြုများ ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး          အစားထိုးခွဲစိတ် ကုသပေးရာတွင် ကျောက်ကပ် လှူဒါန်းသူတစ်ဦးကို    ခေတ်မီ နည်းစနစ်ဖြစ်သော     ဝမ်းဗိုက် တွင် အပေါက်ငယ်များ ဖောက်၍ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Laparoscopic Donor Neph-rectomy) ဖြင့် ခွဲစိတ်ကုသပေး ခဲ့သဖြင့် ကျောက်ကပ်လှူဒါန်း သူမှာ  နာကျင်မှု   သက်သာကာ ပိုမိုမြန်ဆန်စွာ      သက်သာ ပျောက်ကင်းနိုင်ကြောင်း သိရ သည်။

 


တပ်မတော်ဆေးရုံများတွင် ကျောက်ကပ်  အစားထိုးခွဲစိတ် ကုသခြင်းကို   ၁၉၉၅    ခုနှစ်မှ စတင်     ခွဲစိတ်ကုသပေးခဲ့ပြီး ယခုအထိ ကျောက်ကပ်ပျက်စီး သည့်   လူနာ   ၃၀၈    ဦးကို အောင်မြင်စွာ      ကျောက်ကပ် အစားထိုး          ခွဲစိတ်ကုသပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိ သည်။                  

 

သတင်းစဉ်