အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ယူဝမ်းမြောက်စွာကြိုဆို

 

တွေ့ဆုံမေးမြန်း- ညိမ်းသူ၊ ဓာတ်ပုံ- လှမိုး            

 

ရန်ကုန်    မေ    ၂၂


(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးကို  ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ အားကစားနည်း ၄၀ ဖြင့် လက်ခံကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။  

 


အဆိုပါပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံမှ နိုင်ငံ့ဂုဏ်ဆောင်    အားကစားသမားများ သည်လည်း   ရွှေတံဆိပ်၊   ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုများရရှိခဲ့ပြီး ယနေ့ညနေ ပိုင်းတွင်     ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့         ပြန်လည်ရောက်ရှိခဲ့ရာ တာဝန်ရှိသူများ၊ အားကစားကို ချစ်မြတ်နိုး သော ပြည်သူအပေါင်းနှင့် မိသားစုဝင်များ က သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ နှင့်ပတ်သက်ပြီး ပြည်သူတို့၏ ရင်တွင်း ပီတိစကားသံများကို ဖော်ပြလိုက်ပါသည်။

 


ဒေါ်ဖြိုးပိုပိုထွေး (အားကစားဝါသနာရှင်)


အခုလို နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားတွေကို    လာရောက်ကြိုဆိုရတာ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အားကစား မှာ    ပထမဆုဆိုတာ     အောင်မြင်တဲ့ တစ်သင်းတည်းအတွက်ပဲ ရှိတာကြောင့် ကံ၊ ဉာဏ်၊ ဝီရိယနဲ့ပေါင်းစပ်ပြီး ပန်းတိုင် ကို ရောက်ရှိတာဖြစ်တဲ့အတွက် ခုရခဲ့တဲ့ ရလဒ်ကိုလည်း  ဝမ်းပန်းတသာ   ကြိုဆို ပါတယ်။ ရွှေတံဆိပ်များစွာပိုင်ဆိုင်ရမယ်  ဆိုတဲ့ စိတ်နဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အားကစားသမားအားလုံးကို    ကြိုဆို အားပေးရတဲ့အပေါ် ဂုဏ်ယူတယ်။ အမျိုး သမီး    ဘောလုံးအသင်းဆိုရင်    တော်ပါ တယ်။ သူတို့စွမ်းသလောက် ကြိုးစားခဲ့ ကြတာကိုတွေ့ရမှာပါ။   ပြီးတော့   သူတို့ လေးတွေ ဒီနေရာမှာရပ်နေကြမှာ မဟုတ် ပါဘူး။     နောက်တစ်ပွဲနဲ့    ကြားပွဲတွေ ပြင်ဆင်နေကြမှာပါ။ လေ့ကျင့်ရေးကာလ အတွင်းမှာ သူတို့တွေ ခွန်အားဖြစ်အောင် အားလုံးဝိုင်းဝန်း   အားပေးဖို့လည်း  လိုပါ တယ်။

 


ဘောလုံးအသင်းများ       ကိုလည်း ကြားကာလမှာ       မြန်မာပြည်သူတွေနဲ့ ပြန်လည်တွေ့ဆုံခွင့်ရစေတဲ့ ပြိုင်ပွဲတွေကို  တခမ်းတနား     ကျင်းပစေလိုပါတယ်။  မြန်မာ့ဘောလုံးကို     ချစ်တဲ့ပြည်သူတွေ အနေနဲ့ အမျိုးသား အမျိုးသမီးဘောလုံး အသင်းပြိုင်ပွဲတွေကို တစ်ခဲနက် အားပေး သွားမှာပါ။ (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပွဲမှာ     အားကစားသမားတွေကို       ပံ့ပိုး ထောက်ပံ့မှုဟာ  အားရကျေနပ်စရာပါ။ ပြိုင်ပွဲမသွားမီကတည်းက အောင်မြင်မှု ရရင် ဘယ်လိုပံ့ပိုးသွားမယ်ဆိုတာ သတင်း တွေမှာလည်း    မြင်ရမှာပါ။    ဒါကြောင့် နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်။  ယခုအတိုင်းဆက်ပြီး ထိန်းနိုင်မယ်ဆိုရင်  နောင်လာမယ့်ပွဲတွေမှာ မြန်မာနိုင်ငံအနေ နဲ့  ဆုပေါင်းများစွာ  ဆွတ်ခူးနိုင်မယ်လို့ ရဲရဲကြီး ပြောရဲပါတယ်။

 


ဦးမြင့်စိုးအောင် (နဂါးနီရှမ်းအိုးစည်အဖွဲ့-တောင်ဒဂုံ)


နိုင်ငံ့ဂုဏ်ဆောင်  အမျိုးသား  အမျိုး သမီး အားကစားသမားအားလုံးကို ကြိုဆို ခွင့်ရတဲ့အတွက်      ဝမ်းသာပီတိဖြစ်ရပါ တယ်။     အားကစားကို     ချစ်မြတ်နိုးတဲ့ နိုင်ငံသားတွေ    ဖြစ်တာကြောင့်    နိုင်ငံ့ ဂုဏ်ဆောင်      အားကစားသမားများ တစ်နှစ်ထက်တစ်နှစ်ပိုပြီး ဆွတ်ခူးရရှိနိုင် ပါစေ။ ရလည်းရစေချင်ပါတယ်။ ကျွန်တော် အပါအဝင်     ပြည်သူအပေါင်းကလည်း  နိုင်ငံ့အတွက်    ဆွတ်ခူးခဲ့တဲ့  ရွှေတံဆိပ် ဆုရှင်များနဲ့        အားကစားသမားများ အားလုံးကို        လေးစားဂုဏ်ပြုပါတယ်။ ထာဝရလည်း         အားပေးနေပါတယ်။ တစ်နှစ်ထက်တစ်နှစ်  ရွှေတံဆိပ်များစွာဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ မြန်မာ့ဂုဏ်ဆောင်      အားကစားသမား အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

 


ဦးလေးသန်းကြွယ်       (ကြည့်မြင်တိုင် မြို့နယ်)


ကျွန်တော်တို့ရပ်ကွက်က အားကစား ဝါသနာပါတယ်။     အားလည်းပေးတယ်။ အားကစားသမားလည်း      များတယ်။  ဆီးဂိမ်းပြိုင်ပွဲအပြန်မှာ    မြန်မာအသင်း အနေနဲ့     ဘယ်လိုပဲ     ရင်ဆိုင်ခဲ့ရခဲ့ရ အားပေးရမယ်ဆိုတဲ့  စိတ်နဲ့   ကျွန်တော်တို့ ရပ်ကွက်က  လူ ၁၀၀ ကျော် လာရောက် ကြိုဆိုကြတာပါ။        နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေကို      သွားကြိုကြ မယ်ဆိုတာနဲ့ ကိုယ်စီကိုယ်စီ လိုက်လာခဲ့ ကြတာပါ။ မြန်မာ့အားကစားသမားတွေ ပြည်ပကို   သွားရောက်ယှဉ်ပြိုင်တဲ့အခါ မှာ      ကျွန်တော်တို့နိုင်ငံက   ပြည်သူ အပေါင်းက  ၂၄  နာရီ ကြည့်ရှုအားပေး  နေကြပါတယ်ဆိုတာ         သတင်းစကား လည်း ပါးချင်ပါတယ်။ 

 


မြန်မာနိုင်ပြီဆိုတာနဲ့၊ ဘောလုံးပွဲမှာ  ဂိုးတစ်ဂိုး    သွင်းလိုက်တာနဲ့     ရပ်ကွက် တုန်ဟည်းသွားတဲ့အထိ  အားပေးနေကြ တယ်ဆိုတာ   မြန်မာအားကစားသမား တွေကို   ပြောချင်ပါတယ်။    သူတို့လည်း  ကိုယ့်နိုင်ငံကိုယ်စားပြုပြီး     ယှဉ်ပြိုင်ခဲ့  ကြတာပါ။     နောက်ပွဲစဉ်များမှာလည်း မြန်မာအားကစားသမားများ    အနေနဲ့ ယခုထက်ပိုပြီး ရွှေတံဆိပ်ဆုတွေပိုက်ပြီး  အမိနိုင်ငံကို    ပြန်လာဖို့     အားပေးနေပါ တယ်။ မြန်မာ့အားကစားကို ကျွန်တော်တို့ ပြည်သူတွေ    အစဉ်အားပေးနေတယ် ဆိုတာ သိစေလိုပါတယ်။ အခုလိုကြိုဆို ခွင့်ရတာကို      အတိုင်းမသိဝမ်းမြောက် ဂုဏ်ယူပါတယ်။

 


ဒေါ်ခင်လှိုင် (တောင်ဒဂုံမြို့နယ်)


အမေ့အသက်    ၆၄   နှစ်     ရှိပြီ။ အမေ့တို့နိုင်ငံရဲ့ ဂုဏ်ကိုဆောင်တဲ့သား  သမီးတွေကို  ကြိုဆိုဖို့ရောက်နေတာပါ။ အခုလို    ကြိုဆိုရတာ  အားရကျေနပ် တယ်။   သူတို့ဗီယက်နမ်နိုင်ငံမှာ   ပြိုင်ပွဲ ဝင်နေစဉ်မှာ       အမေတို့     ပွဲစဉ်တိုင်း အားပေးတယ်။ အထူးသဖြင့် ဘောလုံးပွဲ  ပေါ့။ အမေပြောမယ်။ ဘောလုံးအားကစား သမားအားလုံး         ဘာမှအားမငယ်နဲ့။ နောက်ပြိုင်ပွဲတွေမှာ     နိုင်ကိုနိုင်ရမယ်။  ဒီစံချိန်ကို  ထိန်းထားပြီး  ပိုပြီးအားထည့် လိုက်ရင်    မြန်မာ့အားကစား   အာဆီယံ ထိပ်တန်းရောက်သွားစေရမယ်။    နိုင်ငံ တော်ကလည်း ပိုပြီးထောက်ပံ့ပေးသွား မယ်လို့ထင်တယ်။     ဘာမှအားမငယ်နဲ့။ အမေနဲ့ဘောလုံးကို ချစ်တဲ့ပြည်သူတွေ  အားပါးတရ      အမြဲအားပေးနေတယ်။ နိုင်ငံတိုးတက်ဖို့ဆိုရင် စီးပွားရေးတစ်ခု တည်း    မဟုတ်ဘူး။     အားကစားကဏ္ဍ ထွန်းကားဖို့လည်းလိုတယ်။ အားပေးတဲ့ ပြည်သူရှိတယ်။ ပံ့ပိုးပေးမယ့် နိုင်ငံတော် ရှိတယ်။ ဘာလိုသေးလဲ။ အခုလိုအသက် အရွယ်မှာ  သားတို့  သမီးတို့ကို  လာပြီး ကြိုဆိုတာဘာကြောင့်လဲသိလား၊  နိုင်ငံ့ ဂုဏ်ဆောင်     အားကစားသမားများကို ချစ်လို့ပေါ့ကွယ်။

 


ဒေါ်တင်မိုး   (အမှတ်  (၅)   အထက်တန်း ကျောင်း- မင်္ဂလာဒုံမြို့နယ်)


ကျောင်းပညာရေး           မှာလည်း အားကစားနဲ့တွဲပြီး လူငယ်မျိုးဆက်သစ်  အားကစားသမားတွေ      ပေါ်ထွန်းလာ အောင် ကြိုးစားနေကြပါတယ်။ အခုလို ဆီးဂိမ်းပြိုင်ပွဲကို    ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆိုတာ     ထူးချွန်ထက်မြက်တဲ့    လူငယ် တွေ     များစွာပေါ်ထွန်းဖို့    လိုပါတယ်။ အဲဒါကို     အခြေခံပညာကျောင်းများနဲ့ အားကစားဝန်ကြီးဌာနက ဆောင်ရွက်နေ ပါတယ်။ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ မှာ သူတို့လေးတွေ စွမ်းစွမ်းတမံကြိုးစားခဲ့ကြတာကို    တွေ့ရမှာပါ။    ဘောလုံး အသင်းအပါအဝင်         အားကစားကဏ္ဍ အသီးသီးအနေနဲ့        ဆက်ပြီးကြိုးစား အားထုတ်ရင်း နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများအဖြစ်  ရွှေတံဆိပ်ဆုများစွာ ဆွတ်ခူးနိုင်ပါစေလို့ ဆုမွန်ကောင်းပို့သ ပါတယ်။   အခုလို   လာရောက်ကြိုဆို ဂုဏ်ပြုခွင့်ရတာကို    ဝမ်းသာပီတိဖြစ်ရ ပါတယ်။

 


နိုင်ငံတော်အနေဖြင့် ခေတ်အဆက် ဆက်   အားကစားပြိုင်ပွဲများနှင့်  အရှေ့ တောင်အာရှ  အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ ဂုဏ်ဆောင်    အားကစားသမားများကို အသက် ၆၀ ပြည့်မြောက်သည့် အချိန်မှ စ၍ သက်ရှိထင်ရှားကာလပတ်လုံး လစဉ် ထောက်ပံ့ငွေများကို    ချီးမြှင့်ပေးအပ် လျက်ရှိသည့်အပြင်   (၇၇)  နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင်လည်း အာရှအားကစားပြိုင်ပွဲများတွင်        ရွှေ တံဆိပ်ရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား  ၁၂  ဦးနှင့်  အရှေ့ တောင်အာရှ     အားကစားပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ငါးခုနှင့်အထက် ရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ အနက်မှ ၂၄ ဦးကို လူမှုထူးချွန် ပထမ အဆင့် ချီးမြှင့်ပေးအပ်ခဲ့ရာ ယခုပြိုင်ပွဲတွင် နိုင်ငံတော်အတွက်    ဆုတံဆိပ်များရယူ ပေးခဲ့ကြသည့် အားကစားမောင်မယ်များ သည်လည်း အလားတူအခွင့်အရေးများ ရရှိလာမည်ဖြစ်သည်။ 

 


ထို့အတူ နိုင်ငံတော်က ဆုရအားကစား သမားများအတွက်    ရွှေဆုတစ်ဦးချင်း အတွက် ငွေကျပ်သိန်း ၃၀၀၊ ငွေတစ်ဦး ချင်းအတွက် ငွေကျပ်သိန်း ၂၀၀၊ ကြေး တစ်ဦးချင်းအတွက် ငွေကျပ်သိန်း ၁၀၀၊     ရွှေအသင်းလိုက်   တစ်ဦးချင်းအတွက် ငွေကျပ်သိန်း    ၁၀၀၊   ငွေအသင်းလိုက် တစ်ဦးချင်းအတွက် ငွေကျပ်သိန်း ၇၀၊    ကြေးအသင်းလိုက်   တစ်ဦးချင်းအတွက် ငွေကျပ် ၃၅ သိန်း၊ နည်းပြများအတွက် ရွှေတံဆိပ်ဆုရအားကစားနည်းမှ  နည်းပြ တစ်ဦးလျှင်   ငွေကျပ်သိန်း   ၁၀၀၊  ငွေ အတွက်သိန်း  ၅၀၊ ကြေးအတွက်  ငွေ ကျပ်သိန်း    ၃၀၊    အုပ်ချုပ်မှုအဖွဲ့များ အတွက်    ရွှေတံဆိပ်ဆုရ    အားကစား နည်းမှ     အုပ်ချုပ်မှုအဖွဲ့      တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုအတွက် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ဆုအတွက် ငွေကျပ်သိန်း  ၃၀ တို့ဖြင့် နိုင်ငံတော်က အသီးသီး ချီးမြှင့်သွားမည်ဖြစ်သည်။