အောင်မြင်ခြင်းအတွက် စိတ်အာဟာရ

Type

 

မေတ္တာမိုးနှင်း (ပဲခူး)

လူသားတိုင်းသည် ဘဝရပ်တည်ရေးအတွက် ပစ္စုပ္ပန်နှင့်အနာဂတ်ကို ရှေးရှု၍ အတိတ်ကိုလည်း သင်ခန်းစာယူကြရသည်။ လူသားတိုင်းသည် မည်သည့်အချိန်အခါ၊ မည်သည့်နေရာမရွေး အောင်မြင်မှုကို လိုချင်ကြပေသည်။ ဘဝလမ်းခရီး၌ အောင်မြင်ခြင်းရှိမှသာ လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ပြည့်ဝမည်ဖြစ်သည်။ အမြဲတမ်း ကျရှုံးမှုကိုသာ ရင်ဆိုင်နေရပါလျှင် ထိုသူသည် စိတ်အာဟာရချို့တဲ့နေမည်သာဖြစ်သည်။
အောင်မြင်မှုတစ်စုံတစ်ရာကို တစ်ကြိမ်တစ်ခါမျှ သာ ကြုံဆုံရပါလျှင် ထိုသူသည် ကျရှုံးမှု၊ အောင်မြင် မှု၊    တစ်နည်းအားဖြင့်    အနိမ့်အမြင့်ဟူသော လောကဓံ၏သဘောကို နားလည်သဘောပေါက်၍ စိတ်ဓာတ်ကြံ့ခိုင်မည်ဖြစ်သည်။  ယနေ့ခေတ်ကာလ သည်   ခေတ်မီနည်းပညာများ   အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသောအချိန်ဖြစ်ပေရာ ယင်းနှင့် အတူ နည်းပညာများကို တန်ဖိုးရှိစွာ အသုံးချမှသာ လျှင်   အောင်မြင်ခြင်းကို  ရရှိပေလိမ့်မည်။  ထိုသို့အောင်မြင်ခြင်းကိုရရှိရန်အတွက် ပညာရည်ပြည့်ဝ အောင်လည်း   သင်ယူတတ်မြောက်ထားကြရမည် ဖြစ်သည်။ ပညာသင်ယူတတ်မြောက်ရန် ကြိုးစား ရာတွင်လည်း   စိတ်အာဟာရသည်  အလွန်ပင် အရေးကြီးပါသည်။
ရည်မှန်းချက်နှင့်ကြိုးစားမှု
လူသားအများစုသည်      မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ကြသည်ဟု    ဆိုကြသည်။ ထိုမျှော်လင့်ချက်ဟူသောအရာသည်   မိမိ၏ ဘဝ ရည်မှန်းချက်များပင်ဖြစ်သည်။ လူသားတိုင်းတွင် ရည်မှန်းချက်အမျိုးမျိုးရှိကြသည်။   ရည်မှန်းချက် ဟူသည် မဖြစ်မနေပြုလုပ်ရမည်ဟူသော စိတ်ဆန္ဒ ကို ဆိုလိုခြင်းဖြစ်သည်။ စိတ်ကူးယဉ်သက်သက်ဖြင့် ရူးသွပ်နေရုံမျှဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိ နိုင်မည်မဟုတ်ပေ။    ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရန်အတွက် ကြိုးစားမှုများ၊ ပြင်ဆင်မှုများ လိုအပ်ပေသည်။     ရည်မှန်းချက်ရှိသော်လည်း ကြိုးစားအားထုတ်မှုမရှိပါက ရည်မှန်းချက်ပန်းတိုင် သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။
ကြိုးစားအားထုတ်မှုသည်   အရာခပ်သိမ်းကိုအောင်မြင်စေနိုင်သော     အကြောင်းတရားပင် ဖြစ်သည်။  ကြိုးစားမှုသည် ဇွဲ၊  လုံ့လ၊  ဝီရိယကို အခြေခံ၍   မိမိဆောင်ရွက်ရမည့်  တာဝန်များကို ဆောင်ရွက်ကြရခြင်းဖြစ်သည်။ ဇွဲ၊ လုံ့လ၊ ဝီရိယ ဆိုရာ၌လည်း   အချိန်၊   နေရာဒေသနှင့်  စနစ်တကျ သတ်မှတ်ထားရှိရခြင်းမျိုး            ဖြစ်ပေသည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်   ကျောင်းသား ကျောင်းသူများအတွက်   ဇွဲ၊  လုံ့လ၊  ဝီရိယသည် တစ်နှစ်တာကာလ  ပညာသင်ကြားချိန်၌  နေ့စဉ် ပုံမှန် ကြိုးစားအားထုတ်မှုကို ဆိုလိုသည်။ စာမေးပွဲ ဖြေဆိုရန်    အချိန်နီးကပ်လာမှသာ   နေ့မအိပ်၊ ညမအိပ် စာကြိုးစားခြင်းသည် လွဲမှားသော ဇွဲလုံ့လ သာ ဖြစ်ပေလိမ့်မည်။ ကျန်းမာရေးနှင့် ညီညွတ် အောင်    ပြုမူနေထိုင်ခြင်းမရှိဘဲ   စားချိန်မမှန်၊ မိမိစိတ်ကိုသာ မာန်ဖီ၍အပင်ပန်းခံပြီး ဦးနှောက်ကို အလုပ်ပေးခြင်းသည် ရောဂါရှာယူခြင်းပင် မည်ပေ သည်။
၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် တက္ကသိုလ် ဝင်စာမေးပွဲ    စတင်ဖြေဆိုကြရမည်ဖြစ်သည်။ နေ့ရက်အားဖြင့်   အလွန်နီးကပ်နေပြီဖြစ်သော်လည်း အချိန်နာရီအားဖြင့်   များစွာကျန်ရှိပါသေးသည်။ ယခုကဲ့သို့ စာမေးပွဲနီးကပ်နေချိန်တွင် မိမိကိုယ်ကို ညှဉ်းဆဲသကဲ့သို့ အချိန်လင့်စွာ အားထုတ်ကြိုးစား ရန် မသင့်ပေ။ အချိန်သာကုန်လွန်၍ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ကျန်းမာရေးကို ဂရုစိုက်ကြ ရမည်။ ကျန်းမာမှသာ ရွှင်လန်းသောဉာဏ်ရည်ကိုဖြစ်စေမည်။ သို့မှသာ စာကျက်မှတ်ရာတွင် တက်ကြွ လန်းဆန်းမှုရှိပေမည်။ မိဘများ၊ ဆရာ ဆရာမများ ကလည်း ကျောင်းသား ကျောင်းသူများကို ဖိအား ပေးခြင်းမပြုဘဲ အချိန်ကို စနစ်တကျဖြင့် တန်ဖိုး ရှိစွာ အသုံးချရန် လမ်းညွှန်ပေးကြရမည်ဖြစ်သည်။
ပွဲမဝင်ခင် အပြင်ကကျင်းပ
တက္ကသိုလ်ဝင်စာမေးပွဲသည်    ကျောင်းသား လူငယ်များအတွက် ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုကို အဆုံးအဖြတ်ပေးသော     ပွဲတစ်ပွဲပင်ဖြစ်သည်။ အောင်မြင်မှုတစ်ခုရရှိရန်အတွက်   ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်ဆင်နွှဲခြင်းပင်ဖြစ်သည်။     ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်ရာတွင်  မိမိဘက်မှ  စနစ်တကျ လေ့ကျင့် ပြင်ဆင်ထားရန်  လိုအပ်ပါသည်။ စာမေးပွဲနီးလာ သည်နှင့်အမျှ    အနီးကပ်ဟူသော    ထင်ကြေး သင်ခန်းစာများကို  လူတချို့က  ဖြန့်ဝေကြသည်။ ဖြတ်လမ်းနည်းဖြင့် ငွေရှာကြသလို ကျောင်းသား ကျောင်းသူများနှင့် မိဘအချို့ကလည်း နားယောင် ကာ ဝယ်ယူကြသည်။ မည်သူမျှ အတိအကျမသိနိုင် သော မေးခွန်းများကို ဝယ်ယူ၍ လေ့ကျင့်ကြခြင်း သည်   ငွေကြေးနှင့်အချိန်ကို   ဖြုန်းတီးခြင်းသာ ဖြစ်သည်။  မိမိပိုင်နိုင်သော  သင်ခန်းစာတချို့ကိုပင် လက်လွတ်ဆုံးရှုံးရတတ်ပါသည်။       ထို့ကြောင့် ထင်ကြေးသင်ခန်းစာများကို  လေ့လာကြမည့်အစား မိမိပိုင်နိုင်သော   သင်ခန်းစာများကိုသာ   ထပ်မံ လေ့လာခြင်းက    ပို၍အကျိုးထူးမည်ကို  သတိပြု ဆင်ခြင်ကြရမည်ဖြစ်သည်။
စာမေးပွဲအချိန်နီးကပ်ပြီဖြစ်၍    ဘာသာရပ် အလိုက်  လေ့လာရမည့်စာအုပ်များကို  စနစ်တကျ စီရီထားရမည်။ တစ်နေ့တာကာလတွင် ဘာသာရပ် အားလုံးကို စိတ်ထဲပေါ်လာသမျှ မွှေနှောက်လေ့လာ ရမည့်အချိန်  မဟုတ်တော့ပေ။  မိမိကိုယ်တိုင် အချိန် ဇယားဖြင့် တစ်နေ့တစ်ဘာသာ သတ်မှတ်ရမည်။ သတ်မှတ်ထားသည့်   အချိန်ကာလအတွင်း   မိမိ အတွက် သေချာသောလေ့လာမှုရှိသည့် သင်ခန်းစာ များကိုသာ လေ့လာ၍ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချ ရမည်ဖြစ်သည်။    သင်ခန်းစာများကို   အလွတ် အော်ကျက်ရမည့်အချိန်မဟုတ်တော့ပေ။ လေ့လာ သိရှိပြီးသည့် သင်ခန်းစာများကိုသာ မိမိစိတ်ထဲတွင် စွဲမြဲရန် စာဖတ်သကဲ့သို့ဖတ်ခြင်း၊ ပုံပြင်ပြောသကဲ့သို့လေ့ကျင့်ခြင်း၊ မိမိပတ်ဝန်းကျင်နှင့် ဆက်နွှယ် သော သဘောတရားများကို သဘောပေါက်အောင် လေ့ကျင့်ခြင်းတို့ဖြင့်   စာမေးပွဲဟူသော ပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ရန် ကြိုးစားအားထုတ်ပြင်ဆင်ကြရမည် သာဖြစ်သည်။
စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များအနေဖြင့်    ဘာသာရပ်တိုင်းကို   ပေါ့ဆစွာ လေ့လာခြင်းကို ရှောင်ကြဉ်ရမည်။ မြန်မာဘာသာ သည် မိခင်ဘာသာဖြစ်၍ လွယ်ကူသည်ဟု မယူဆ သင့်ပေ။ ဘာသာရပ်တိုင်းတွင် ခက်ခဲနက်နဲမှု ရှိပါ သည်။   မိခင်ဘာသာရပ်တွင် စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုရှိအောင် လေ့လာရမည်။ သင်ခန်းစာများ ၏   အဓိကဆိုလိုရင်းကို   နားလည်သဘောပေါက် အောင် ဖတ်မှတ်ရမည်။ စာစီစာကုံး၊ အဆိုအချေ တို့နှင့် ပတ်သက်သောသုတရသများကို မိမိဉာဏ်စွမ်း ရှိသရွေ့  လေ့လာဖတ်မှတ်ရပေမည်။  အင်္ဂလိပ် ဘာသာရပ်တွင် Grammar အပိုင်းကို ကျွမ်းကျင် ပိုင်နိုင်အောင် လေ့ကျင့်ကြရမည်ဖြစ်သည်။ Subject၊ Verb ၊ Noun ၊ Tenses များကို ကွဲကွဲပြားပြားသိရှိရန် လေ့လာထားကြရမည်။    သင်္ချာဘာသာရပ်တွင် သီအိုရီများ၊ ပုံသေနည်းများကို သေချာဖတ်မှတ်ထား ရမည်။ သင်္ချာဘာသာရပ်သည် အလွတ်ကျက်မှတ် ရသည်မဟုတ်။ ထပ်ခါတလဲလဲ တွက်ချက်လေ့ကျင့် ရမည်သာဖြစ်သည်။
ဓာတုဗေဒဘာသာရပ်တွင်    ထုတ်ဖော်ပုံများ၊ ပုံသေနည်းများ၊ ဥပဒေသများကို နားလည်သဘော ပေါက်အောင်  လေ့လာကြရမည်ဖြစ်သည်။ ရူပဗေဒ ဘာသာရပ်တွင် စည်းမျဉ်းဥပဒေသများ၊ ရေဖိအား၊ ကမ္ဘာမြေဆွဲအား၊  အလင်းပြန်ခြင်း၊  အပြန်အလှန် သက်ရောက်ခြင်း စသည့်နိယာမများကို နားလည် သဘောပေါက်အောင်       လေ့ကျင့်ထားကြရမည်။ ဘောဂဗေဒ၊  ဇီဝဗေဒ  စသည့်ဘာသာရပ်များသည် မိမိတို့၏ ခန္ဓာကိုယ်ဖြစ်တည်မှု၊ မိမိပတ်ဝန်းကျင်မှ သဘာဝတရားများ၊ မိမိတို့၏ နေ့စဉ်ပြုမူစားသောက် နေထိုင်မှုအတွက်     ဝယ်ယူဆောင်ရွက်မှုများဖြင့် ဆက်စပ်လေ့လာကျက်မှတ်ရမည်သာ ဖြစ်သည်။ သို့မှသာ   သင်ခန်းစာများကို  ဖတ်မှတ်မှုလွယ်ကူပြီး စာမေးပွဲဖြေဆိုရာတွင်    များစွာအထောက်အကူ ပြုမည်သာဖြစ်သည်။
စာမေးပွဲဖြေဆိုရန် နီးကပ်နေသည့် ယခုအချိန် အခါတွင် အုပ်စုဖွဲ့၍ စာကျက်မှတ်ခြင်းကို ရှောင်ကြဉ် ကြရမည်။    တစ်ဦးနှင့်တစ်ဦး   စိတ်သဘောထား သည်   နေရာတိုင်းတွင်    ညီတူသည်မဟုတ်။  မိမိ လေ့လာလိုသော    သင်ခန်းစာနှင့်   တစ်ဖက်သူ လေ့လာလိုသော သင်ခန်းစာတို့သည် မတူညီနိုင်ပေ။ ထိုအခါ   စိတ်အနှောင့်အယှက်ဖြစ်၍    စာကျက် မှတ်ခြင်းကို ထိခိုက်စေနိုင်ပါသည်။ လေ့လာလိုသော သင်ခန်းစာ တူညီသော်လည်း ရံဖန်ရံခါစကားပြောဆိုခြင်းပြုမိသည့်အခါ သင်ခန်းစာများ ကျက်မှတ် ချိန်ကို လျော့နည်းသွားစေပါသည်။ နှစ်ဦးနှစ်ဖက် အကျိုးမရှိသော ရလဒ်ကိုသာလျှင် စံစားကြရမည်ကို သတိပြုဆင်ခြင်ကြရမည်။     မိဘများကလည်း စာမေးပွဲနီးကပ်ချိန်တွင်       မိမိ၏သားသမီးများကို အပေါင်းအဖော်များဖြင့်    ဝိုင်းဖွဲ့၍   သင်ခန်းစာ လေ့လာခြင်းကို ခွင့်မပြုသင့်ပေ။ ထို့ပြင် မနားမနေ သင်ခန်းစာများ လေ့လာစေခြင်း၊ တစ်ပါးသူထက် သာလွန်စေရန်   ဖိအားပေးခြင်း၊   မလိုအပ်သော အော်ငေါက်ခြင်း  အပြုအမူများကို ရှောင်ကြဉ်ကြရ ပေမည်။      မိဘများဖြစ်စေလိုသော     ဆန္ဒနှင့် သားသမီးတို့၏     ဉာဏ်ရည်ဉာဏ်သွေး   ကြိုးစား အားထုတ်မှုတို့ကိုသာ   ချိန်ဆ၍     အားပေးစကား ပြောကြားကြရမည်သာဖြစ်သည်။
စိတ်အာဟာရ
လူသားတို့အတွက်    အရေးကြီးဆုံးအရာမှာ စိတ်အာဟာရပင်ဖြစ်သည်။     မိမိ၏စိတ်သည် မိမိအောင်မြင်တိုးတက်မှုတွင် အရေးအပါဆုံး  အရာ ဖြစ်သည်။  စိတ်ဓာတ်ကျဆင်းနေသူတစ်ဦးသည် ရုပ်ရည်ပါပြောင်းလဲ၍  အရာရာတိုင်းတွင် ပျော့ညံ့ နေတတ်သည်။ အရာရာတိုင်းကို “မဖြစ်နိုင်ပါဘူး”ဟူသောစကားလုံးဖြင့်      အရှုံးပေးနေရတတ်သည်။ အောင်မြင်ခြင်းဟူသည်  များစွာ ဝေးကွာနေပေလိမ့် မည်။ ထို့ကြောင့် မိမိတို့၏စိတ်ကို မိမိတို့ကိုယ်တိုင် အာဟာရတိုက်ကျွေးရန်လိုအပ်ပါသည်။ ဤလောက၌ မိမိတို့ ပြုလုပ်၍မရသော အရာမရှိ၊ မပြုလုပ်ရသေး သည်သာ       ရှိသည်ဟူသော       စကားလုံးကို ကျောင်းသားကျောင်းသူများ စိတ်နှလုံးသွင်းထား ကြရမည်။ မိမိသည် စာဖြေဆိုသူဖြစ်သည့်အလျောက် ဖြေဆိုနိုင်ရမည်ဟူသော  စိတ်နှလုံးသွင်းထားရမည်။ မိမိကျက်မှတ်ထားသော           သင်ခန်းစာများကို ကောင်းစွာဖြေဆိုနိုင်မည်မှာ သေချာသည်ဟူသော စိတ်ကိုဆုပ်ကိုင်၍ စိုးရိမ်စိတ်တို့ကိုဖြေဖျောက်ကြရမည်။  မိမိကျက်မှတ်ထားသည့် သင်ခန်းစာများ သည်သာ     အကောင်းဆုံးမေးခွန်းဖြစ်လာမည်ဟု ယုံကြည်ထားကြရမည်ဖြစ်သည်။
စာမေးပွဲခန်းမသို့       ဝင်ရောက်ချိန်တွင်လည်း စိတ်အာဟာရသည်          ပို၍အဓိကကျပါသည်။ စိတ်အာဟာရချို့တဲ့သွားစေသော အပြုအမူများကို ဂရုပြုကြရမည်။  စာမေးပွဲခန်းအတွင်းသို့   ယူဆောင် သွားရမည့် ဖြေဆိုခွင့်ကတ်၊ ခဲတံ၊ ဘောပင်၊ ပေတံ စသည့်  အသုံးအဆောင်များ မမေ့လျော့ရန် သတိ ပြုကြရမည်။     စာမေးပွဲခန်းသို့    စာဖြေသူဖြစ်၍ ဝင်ရောက်ဖြေဆိုရမည်သာဖြစ်သည်။ ဖြေဆိုနိုင်ပါ့ မလားဟူသည်ကိုတွေး၍      စိတ်ပူရန်မလိုအပ်ချေ။ မဖြစ်မနေ     ဖြေဆိုရမည်ကိုသာ      စိတ်ထဲမှတ်ထား ရမည်။  အောင်မြင်ခြင်း၊ ကျရှုံးခြင်းသည် ကံတရား နှင့်  မိမိ၏ကြိုးစားမှုနှင့်သာ     သက်ဆိုင်သည်ဟု စိတ်ကိုအာဟာရတိုက်ကျွေး၍        ကြိုးစားဖြေဆို ကြရမည်ဖြစ်သည်။
စာမေးပွဲမေးခွန်းသည်      အချိန်သုံးနာရီကြာ ဖြေဆိုရမည်ဖြစ်၍  အချိန်မပြည့်သေးဘဲ စာမေးပွဲ ခန်းမအပြင်သို့  ပြန်ထွက်ခြင်းကို  ရှောင်ကြဉ်ကြရ မည်။ စာမေးပွဲခန်းထဲတွင်အချိန်ပြည့်နေခြင်းသည် တန်ဖိုးရှိသည်ကို နားလည်သဘောပေါက်ကြရမည်။ အချိန်နှင့်အမျှ         မိမိကျက်မှတ်လေ့လာဖူးသော သင်ခန်းစာများကို ပြန်လည်မှတ်မိခဲ့လျှင် ဖြည့်စွက် ဖြေဆိုခွင့်ရှိသည်။       ဘဝတစ်ဆစ်ချိုးအတွက် တစ်မှတ်ဟူသော       အမှတ်သည်လည်း    များစွာ အရေးပါသည်ကို  သိကြရမည်။  စာမေးပွဲခန်းပြင်ပသို့ ထွက်လာပြီးမှ         ပြန်လည်ဝင်ရောက်ဖြေဆိုခွင့် ရမည်မဟုတ်။         အချိန်လွန်နောင်တမဖြစ်ရန် ဂရုစိုက်ကြရန်လိုအပ်ကြောင်း         ရေးသားအကြံ ပြုလျက်  တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူတိုင်း    လွယ်ကူစွာ    ဖြေဆိုအောင်မြင် နိုင်ကြပါစေဟု       ဆုမွန်ကောင်းပို့သလိုက်ရပေ သည်။     ။