အောင်မြေမန္တလာအားကစားကွင်းသစ်ဖွင့်လှစ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဖွင့်ပွဲများ ကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၀


မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အောင်မြေမန္တလာ      အားကစားကွင်းသစ်ဖွင့်ပွဲ၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလုံး ပြိုင်ပွဲဖွင့်ပွဲနှင့် အသက် ၁၈ နှစ်အောက်  မြို့နယ် ပေါင်းစုံ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ  ဖွင့်ပွဲများကို  ယနေ့   ညနေပိုင်းတွင် အဆိုပါအားကစားကွင်း၌     ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊    အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊    ပြိုင်ပွဲဝင်      အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 


ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်မြေမန္တလာအားကစား ကွင်းကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး (အပေါ်ယာပုံ)  တိုင်းဒေကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြား သည်။  ယင်းနောက် အောင်မြေ မန္တလာအားကစားကွင်း တည်ဆောက်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများက အဆောက်အဦများကို လွှဲပြောင်းပေးရာ  တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွှဲပြောင်း လက်ခံရယူသည်။

 


အဆိုပါ ကစားကွင်းကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ   ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်   ၂၀၂၁   ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှစ၍   စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မတ် ၃၁ ရက်တွင်   တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း    သိရသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် အသက် ၁၈ နှစ်အောက် မြို့နယ်ပေါင်းစုံ ပြေး၊  ခုန်၊ ပစ်ပြိုင်ပွဲ ဖွင့်ပွဲများကိုပြုလုပ်ရာ   ပြိုင်ပွဲဝင်အားကစားသမား များအတွက် အားကစားပစ္စည်းများနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ကပေးအပ်ပြီး      ပြိုင်ပွဲဝင်အားကစား သမားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  တိုင်းမှူး နှင့်   တက်ရောက်လာကြသူများက   Exercise is Medican အစီအစဉ်အရ ကျောင်းသူများက ကပြ ဖျော်ဖြေခြင်း၊   မြန်မာ့သိုင်းအားကစားနည်းသရုပ် ပြသခြင်း၊   ဝူးရှူးအားကစားနည်းသရုပ်ပြသခြင်း၊ အမျိုးသမီး မီတာ ၁၀၀၊ အမျိုးသား မီတာ ၁၀၀/ ၄၀၀  လက်ဆင့်ကမ်းပြေးပွဲများနှင့် အဖွင့်ဘောလုံး ပွဲစဉ်ဖြစ်သည့်     မန္တလေးတက္ကသိုလ်အသင်းနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်       အသင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

 


အဆိုပါ ဘောလုံးပြိုင်ပွဲကို မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုး သမီးအသင်း    ကိုးသင်းတို့ဖြင့်    လည်းကောင်း၊ အသက် ၁၈ နှစ်အောက် မြို့နယ်ပေါင်းစုံ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲကို မြို့နယ် ၂၈ မြို့နယ်မှ ကျောင်းသား ကျောင်းသူများဖြင့်လည်းကောင်း ဩဂုတ် ၁၁ ရက် အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။


သတင်းစဉ်