အောင်လံမြို့နှင့် သရက်မြို့ကို ဆက်သွယ်ပေးသော ဧရာဝတီတံတား (အောင်လံ - သရက်) တည်ဆောက်နေ စီးပွားစင်္ကြံလမ်းမပေါ်ဖြစ်၍ ဒေသတွင်းမှပြည်သူများ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်

 

မကွေး  ဇွန်  ၂၄


ဧရာဝတီတံတား  (အောင်လံ-သရက်)    တည်ဆောက်ရေး စီမံကိန်းသည်   မကွေးတိုင်းဒေသ ကြီး   သရက်ခရိုင်၌   တည်ရှိပြီး    အောင်လံမြို့နှင့်      သရက်မြို့ကို ဆက်သွယ်ပေးသော တံတားဖြစ် သည်။          အဆိုပါတံတားကို ဆောက်လုပ်ရေး     ဝန်ကြီးဌာန တံတားဦးစီးဌာန     တံတားတည် ဆောက်ရေးအဖွဲ့ (၃) က    တာဝန် ယူ၍       တည်ဆောက်လျက်ရှိပြီး ယခု   တံတားတစ်စင်းလုံး၏   ၅၀ ရာခိုင်နှုန်း     ပြီးနေပြီဖြစ်သည်ဟု  သိရသည်။

 


တံတားဆိုင်ရာအချက်အလက် များမှ  တည်နေရာသည်  မကွေး တိုင်းဒေသကြီး     သရက်ခရိုင် သရက်မြို့တွင်ဖြစ်ပြီး    တံတား အရှည်မှာ  ၂၂၇၂ ဒသမ ၅ မီတာ ရှိသည်။    ပင်မတံတားအရှည် ၁၇၃၂ ဒသမ ၅ မီတာ၊  ချဉ်းကပ် တံတား     သရက်ဘက်ကမ်းတွင် မီတာ ၃၀၀ ၊    အောင်လံဘက်ကမ်း တွင် မီတာ  ၂၄၀  ရှိပြီး    တံတား အကျယ်  ၁၀ ဒသမ  ၅  မီတာ၊ ကား လမ်းအကျယ်  ၈ ဒသမ ၅ မီတာ၊လူသွားလမ်းအကျယ် တစ်ဖက်လျှင် တစ်မီတာ၊ ရေလမ်းကင်းလွတ် အကျယ်  မီတာ ၁၃၀ ၊ ရေလမ်းကင်းလွတ်အမြင့်  ၁၆ မီတာ     (နဝဒေး တံတား၊ ဧရာဝတီတံတား (မလွန်) တို့နှင့် ရေလမ်းကင်းလွတ် အမြင့်ချင်း တူပါသည်။) တံတားခံနိုင်ဝန် AASHTO HS 25/HL 93 Loading   ချဉ်းကပ်လမ်း (သရက်) ၃ ဒသမ ၆၇၅ ကီလိုမီတာ၊ (အောင်လံ) မီတာ ၁၃၀    ခန့်မှန်းခြေတန်ဖိုးငွေကျပ်  ၉၈၀၀၀ သန်းဖြစ်ပြီး   တံတား စီမံကိန်းအား ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။  ယခု ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်အထိ   ရန်ပုံငွေစုစုပေါင်း ငွေကျပ် ၃၅၉၉၂ သန်းရှိပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပင်မတံတား သံပေါင် ၁၂ ခန်း ၊ အနက်  လေးခန်းစာကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက နေပြည်တော်တွင် တင်ဒါစနစ်ဖြင့်   ဝယ်ယူ၍ ဘဏ္ဍာရေးနှစ်ကုန်ပိုင်းတွင်   သံပေါင်တပ်ဆင်ခြင်းလုပ်ငန်း   စတင် ဆောင်ရွက်နိုင်ပြီဟုသိရပြီး တံတား ကြီးကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခန့်တွင် အပြီးဆောင်ရွက်ရန် ရည်မှန်းထားကြောင်း သိရသည်။

 


တံတားကြီး  တည်ဆောက်ပြီးစီးသွားပါက သရက်မြို့နှင့်  အောင်လံ မြို့တို့   အသွားအလာတွင်  ဇက်ရေယာဉ်ကို စောင့်ဆိုင်းသွားလာစရာ မလိုတော့ဘဲ  နေ့ညအချိန်မရွေး   အချိန်တိုတိုအတွင်း   ဖြတ်သန်း သွားရောက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ်  ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ သရက်-အောင်လံ- နေပြည်တော်သို့ ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့ အထိ ဆက်သွယ်နိုင်သော စီးပွားရေးစင်္ကြံ လမ်းမကြီး ပေါ်တွင် ရောက်ရှိသွားမည်ဖြစ်သဖြင့် ဒေသတွင်း  စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပါသည်။                    

ခရမ်းစိုးမြင့်