
အောင်လံလွှင့်နေ တပ်မတော်ရေ
* ကမ္ဘာနှင့်ယှဉ်၊ တိုးတက်ချင်၍
အစဉ်ကြိုးစား၊ ရေတပ်သားတို့
စွမ်းအားမြှင့်တင်၊ ကိုယ်တိုင်ထွင်ပြီး
ရေယာဉ်များစွာ၊ ထုတ်လုပ်လာသည်။
* စွမ်းရည်မြင့်မား၊ နည်းနာများကို
သွားရောက်လေ့လာ၊ သင်ယူကာဖြင့်
ပညာရပ်တွေ၊ ဆင့်ပွားလေရင်း
ရေပြင်ထက်မှာ၊ ဦးမော့လာသည်။
* စိတ်ဓာတ်စည်းကမ်း ၊ ပေါင်းစပ်စွမ်းရည်
ထမ်းရွက်ညီညာ၊ ပြည့်ဝန်တာကို
ကျေစွာနှင်းဆက်၊ ဦးထိပ်ရွက်လို့
ဘက်စုံတော်စေ၊ ဖြည့်ဆည်းနေသည်။
* ကြည်းရေလေစုံ၊ ပူးပေါင်းကုန်လျက်
ပုံရိပ်မြင့်မား၊ ရေတပ်သားတို့
စွမ်းအားမြင့်ကာ၊ ခေတ်မီလာပြီး
ရေပြာပိုင်နက်၊ စဉ်ဖြန့်ကြက်ရင်း
လေးချက်သစ္စာ၊ ဦးထိပ်မှာတည်
‘‘ကမ္ဘာတည်စေ ထင်ရှားစေ’’
‘‘အောင်လံလွှင့်နေ တပ်မတော်ရေ’’။
* မောင်အေးချမ်း(တောင်ကြီး)