အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်  ဇွန်   ၈


အောင်ဘာလေအွန်လိုင်း  သိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂  ၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  တက်ရောက်အမှာစကားပြောကြားသည်။                  

 

m ရှေ့ဖုံးမှ
အခမ်းအနားသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊  မြန်မာ စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံအစိုးရ၊    ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စား Viettel Group မှတာဝန်ရှိသူများ၊ နေပြည် တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊   ဒုတိယဝန်ကြီး များ၊  ဖိတ်ကြားထားသည့်   ဧည့်သည်တော်များ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများ  တက်ရောက် ကြသည်။
ကြည့်ရှုအားပေး
ဦးစွာ  အောင်ဘာလေအဖွင့်သီချင်း   “အောင်” တေးသီချင်းကို အဆိုအကများဖြင့် လည်းကောင်း၊  “The era of the digital in Myanmar” တေးသီချင်း ကို အကဖြင့် လည်းကောင်း တင်ဆက်မှုကို ကြည့်ရှု အားပေးကြသည်။
အက်ပလီကေးရှင်းကို စတင်မိတ်ဆက်မည်ဖြစ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင်   ယနေ့ဖွင့်ပွဲပြုလုပ်ပြီး   စတင် ဆောင်ရွက်မည့် “အောင်ဘာလေ” အွန်လိုင်းသိန်းဆု ထီစနစ်အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက် မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊   ပြည်တွင်း အခွန်များဦးစီးဌာနက လက်ရှိကျင့်သုံးဆောင်ရွက်နေ သည့်  အောင်ဘာလေ သိန်းဆုထီလက်မှတ်များကို ပုံနှိပ်ပြီး   ရောင်းချသည့်စနစ်အပြင်   ပြောင်းလဲ တိုးတက်လာသည့် ခေတ်စနစ်နှင့် လိုက်လျောညီထွေ မှုရှိစေပြီး ထီကံစမ်းလိုသူ မိဘပြည်သူများအနေဖြင့် သတ်မှတ်ဈေးနှုန်းများအတိုင်း အွန်လိုင်းမှလွယ်ကူစွာ ထီကံစမ်းနိုင်ရန်အတွက်   ဖြစ်ပါကြောင်း၊  ယနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးတရားဝင် အသုံးပြုတော့မည့်  အောင်ဘာလေ   အွန်လိုင်း သိန်းဆုထီစနစ်   အက်ပလီကေးရှင်းကို    စတင် မိတ်ဆက်မည်ဖြစ်ပါကြောင်း။
အောင်ဘာလေဆိုသည်နှင့် ပတ်သက်၍ ရှေးရှေး မြန်မာများသည် ဆောင်ရွက်ရန်အလွန်ခက်ခဲသည့် ကုသိုလ်ကောင်းမှုကိစ္စရပ်တစ်ခုခုကို  အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အခါ   “အောင်ဘာလေ”  ဟု ကျူးရင့်သည့်အလေ့အထ စွဲမြဲလာခဲ့သည်ကို တွေ့ရ ပါကြောင်း၊ အလားတူ ရပ်ထဲရွာထဲတွင် မဟာဒုက်မဲ၊ စာရေးတံမဲ၊ ကံစမ်းမဲပေါက်ကြသူများ၏ နာမည်နှင့် တွဲပြီး “အောင်ဘာလေ”ဟု ကြေညာလေ့ရှိသည်ကို သိရပါကြောင်း၊ ခက်ခဲသည့်အလုပ်တစ်ခုခု  ပြီးဆုံး သည်ဖြစ်စေ၊ ကုသိုလ်ကောင်းမှုတစ်ခုခု အောင်မြင် သည်ဖြစ်စေ  အောင်အတိတ်   အောင်နိမိတ်ဆောင် သည့် တေးသီချင်းတစ်ပုဒ်ကို ပျော်ရွှင်ဝမ်းမြောက်စွာ ကျူးရင့်ဟစ်ကြွေးလေ့ရှိရာ       အဆိုပါသီချင်းမှာ “အောင်ဘာလေသပြေပန်းနှင့် ရေချမ်းလောင်း”ဟူ၍ ဖြစ်သည်ဟု သိရှိရပါကြောင်း။
ထီဆုငွေပမာဏများတိုးမြင့်
ခေတ်အဆက်ဆက်တွင် ပြည်သူလူထု၏ ဝယ်ယူ ကံစမ်းမှု မြင့်တက်လာသည်နှင့်အမျှ ထီလက်မှတ် ဈေးနှုန်းများကို  အောင်ဘာလေထီ   (၂) ကျပ်တန် ထီစနစ်မှ ကျပ် ၁၀၀၀ တန်ထီစနစ်အထိ တိုးမြင့်လာ ခဲ့သကဲ့သို့ ချီးမြှင့်သည့် ထီဆုငွေပမာဏများ တိုးမြင့် လာခဲ့ပြီး  ဆုမဲအရေအတွက်များကိုလည်း   တိုးချဲ့ ချီးမြှင့်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊  ကျပ် ၁၀၀၀ တန်ထီကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ရောင်းချခဲ့ပြီး  အမြင့်ဆုံးဆုမဲ   တန်ဖိုးငွေကျပ် သိန်းတစ်သောင်းခွဲ (သန်း ၁၅၀၀) အထိ ချီးမြှင့်ပေးခဲ့ ပါကြောင်း။
ထို့ပြင် လက်ရှိရောင်းချလျက်ရှိသည့် အောင်ဘာ လေသိန်းဆုထီလက်မှတ်စနစ်၏ အားနည်းချက်များ အပေါ် ပြည်သူလူထုက   ဝေဖန်မှုများရှိနေသည်ကို သိရှိရပြီး  အထူးသဖြင့်    ထီလက်မှတ်ဈေးနှုန်းသည် သတ်မှတ်ဈေးနှုန်းထက်   ထီဆိုင်များက   ဈေးကြီး ပြီး   ဝယ်ယူကံစမ်းနေကြရခြင်းအပေါ်    ဖြေရှင်း ဆောင်ရွက်ပေးရန် တောင်းဆိုမှုများရှိသည်ကို တွေ့ရှိ ရပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အနေဖြင့် နိုင်ငံတော်၏တာဝန်ကို     စတင်ထမ်းဆောင်စဉ် ကတည်းက ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို နိုင်ငံတော်နှင့် ပြည်သူလူထု၏အကျိုးကို ရှေးရှုပြီး  ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ “ရှေ့သို့ လှမ်းချီ ပန်းတိုင်ဆီ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အောင်မြင်စေရေး စနစ်တကျစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူတို့ကျန်းမာပျော်ရွှင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက်   ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၌ အောင်ဘာလေအွန်လိုင်းထီစနစ် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းသည်လည်း ပြည်သူများအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ပုံမှန်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး၊ တရားမဝင်လောင်းကစားလုပ်ငန်းများကို လျှော့ချတားဆီးကာကွယ်ပေး နိုင်ရေးအတွက် အောင်ဘာလေသိန်းဆုထီကို  စနစ် တကျဖြင့် စဉ်ဆက်မပြတ် ပုံမှန်ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ထီဆုငွေကိုလည်း ပြည်သူပြည်သားများ၏အကျိုးကို ရှေးရှုပြီး ယခင်က ထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ခွဲဝေထုတ်ပေးနေရာမှ ၇၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ပြီး ဆုမဲခွဲဝေချီးမြှင့်ခဲ့ပါကြောင်း။
လက်ရှိအောင်ဘာလေ သိန်းဆုထီလက်မှတ်များ ကို ပုံနှိပ်ရောင်းချသည့်စနစ်အပြင် ပြောင်းလဲတိုးတက် လာသည့် ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေမှု ရှိစေရန်    ထီကံစမ်းသူမိဘပြည်သူများ     သတ်မှတ် ဈေးနှုန်းဖြင့်   လွယ်ကူစွာ     ထီကံစမ်းနိုင်ရန်အတွက် အောင်ဘာလေအွန်လိုင်း     သိန်းဆုထီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်    စီစဉ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

 


ပြည်သူများအနေဖြင့် မိမိတို့၏မိုဘိုင်းတယ်လီဖုန်းများကို အသုံးပြုပြီး အောင်ဘာလေသိန်းဆုထီ ကို အွန်လိုင်းထီအက်ပလီကေးရှင်းမှတစ်ဆင့် အချိန် မရွေး၊ နေရာမရွေး သတ်မှတ်ဈေးနှုန်းအတိုင်း လွယ်ကူ အဆင်ပြေစွာ   ကံစမ်းနိုင်ကြမည်   ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ အီလက်ထရောနစ်ထီစနစ်ကို    အကောင်အထည် မဖော်နိုင်မီစပ်ကြားတွင် အွန်လိုင်းထီစနစ်ကို အကောင် အထည်ဖော်နိုင်ရေးအတွက်     ယခင်အစိုးရများ လက်ထက်ကတည်းကပင်   လွှတ်တော်၌ ဆွေးနွေးမှု များပြုလုပ်ခဲ့ကြသည်ကို  တွေ့ရပါကြောင်း၊ သို့သော် ထီဥပဒေပြဋ္ဌာန်းထားမှုမရှိခြင်းနှင့်      အကြောင်း အမျိုးမျိုးကြောင့်     ဆောင်ရွက်နိုင်မှုမရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။

 


အွန်လိုင်းထီစနစ်ကို စတင်လုပ်ဆောင်


မိမိတို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် လက်ရှိ အောင်ဘာလေသိန်းဆုထီ လက်မှတ်များကို  ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့်စနစ် အပြင် ပြည်သူလူထုအားလုံး   အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာထီကံစမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခု ကဲ့သို့ အွန်လိုင်းထီစနစ်ကို စတင်လုပ်ဆောင်ရခြင်းဖြစ်ပါကြောင်း။

 


နိုင်ငံတကာတွင် ခေတ်မီဆန်းသစ်သည့် Digital နည်းပညာများဖြင့်   လုပ်ကိုင်လာသည့်အချိန်တွင် မိမိတို့နိုင်ငံ၌လည်း အွန်လိုင်းထီစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်   ထီကံစမ်းသူများ အလွယ်တကူစိတ်ကြိုက်နံပါတ်များ ရွေးချယ်ဝယ်ယူ နိုင်မည်ဖြစ်ပြီး   မြို့ပြနှင့်ကျေးလက်နေပြည်သူများ အားလုံး အဆင်ပြေလွယ်ကူစွာ  ထီကံစမ်းနိုင်ကြတော့ မည် ဖြစ်ပါကြောင်း။

 


SMS ပေးပို့ အကြောင်းကြားလာမည်


အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီ ကေးရှင်းကို အသုံးပြုပြီး ကံစမ်းသူများအနေဖြင့် ထီ လက်မှတ်ဝယ်ယူခြင်း၊ ထီဖိုးငွေပေးချေခြင်းမှစပြီး ဆုငွေရယူခြင်းအဆင့်အထိ      ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထီဖွင့်ပွဲကျင်းပချိန် တွင်လည်း   ထီတိုက်ရန်မလိုဘဲ   ကံထူးသူများ၏ မိုဘိုင်းတယ်လီဖုန်းများကို SMS ပေးပို့   အကြောင်း ကြားလာမည်ဖြစ်ပြီး ထီဆုငွေထုတ်ယူရာတွင်လည်း မှန်ကန်လွယ်ကူစေရေးအတွက်  ပမာဏနည်းသည့် ဆုကြေးငွေများကို အွန်လိုင်းမှ  လွှဲပြောင်းပေးခြင်း၊ ထီကံထူးသူများ၏   ဘဏ်ငွေစာရင်းအကောင့်သို့ ပေးပို့ခြင်းများကို  အီလက်ထရောနစ်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း။

 


ယနေ့  အောင်ဘာလေ   အွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကို စတင်နိုင်ခြင်းသည် ဒစ်ဂျစ်တယ် နည်းပညာနှင့် မိုဘိုင်းငွေပေးချေမှုစနစ်များ အသုံးပြု ပြီး လွယ်ကူစွာထီကံစမ်းနိုင်သည့် Digital Lottery Platform စနစ်သစ်ကို စတင်မိတ်ဆက်အသုံးပြုနိုင် ခြင်းပင်ဖြစ်ပါကြောင်း၊ အကျိုးဆက်အဖြစ် အနာဂတ် တွင် နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှုတိုးတက်စေရေး၊ နိုင်ငံတော်၏ဒစ်ဂျစ်တယ်စီးပွားရေး အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချစေရေး  (Cashless  Society)  အစရှိသည့် ကောင်းကျိုးများစွာတို့အတွက်     အထောက်အပံ့ ဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း။

 


အားလုံးဝိုင်းဝန်းကြိုးပမ်း


အောင်ဘာလေ      အွန်လိုင်းသိန်းဆုထီစနစ် အတွက်    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့်အတူ   သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် Telecom International Myanmar Co., Ltd တို့က  ပူးပေါင်းပါဝင်  ကြိုးပမ်းအားထုတ် အကောင်အထည်ဖော်   ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊  ယနေ့သည်လည်း   Telecom International Myanmar Co., Ltd(Mytel)၏ စတင် Launching Ceremony ဆောင်ရွက်ခဲ့သည့် (၅)နှစ် ပြည့်ရက်နှင့်    တိုက်ဆိုင်နေသည့်အတွက်လည်း ဖြတ်သန်းလာခဲ့သည့်   (၅) နှစ်တာကာလအတွင်း အောင်မြင်မှုများကိုလည်း   အသိအမှတ်ပြုသည်ကို ပြောကြားလိုပါကြောင်း၊ စနစ်သစ်တစ်ခုကိုပြောင်းလဲ ဖော်ဆောင်ရာတွင်   နိုင်ငံတော်ကို    ကိုယ်စားပြု ဆောင်ရွက်ရသည့်အတွက်  အလွန်တာဝန်ကြီးမား လှပါကြောင်း၊  နိုင်ငံတော်အတွက်   အသစ်စတင် မိတ်ဆက်နိုင်ခဲ့သည့်    ပြည်သူ့အကျိုးပြုလုပ်ငန်း တစ်ရပ်ဖြစ်သည့် အောင်ဘာလေအွန်လိုင်း သိန်းဆု ထီစနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်မြင် အောင် အားလုံးဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။ 
ယင်းနောက် အောင်ဘာလေသိန်းဆုထီ  သမိုင်း ကြောင်း Documentary နှင့် အောင်ဘာလေ အွန်လိုင်း သိန်းဆုထီစနစ်ကို  Video Clip ဖြင့် မိတ်ဆက်ပြသ သည်။       

 


ထီစနစ်သစ်ကြီးကို စတင်ဖွင့်လှစ်ပေး      


ဆက်လက်၍ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အား   ဖွင့်လှစ်ခြင်းကိုပြုလုပ်ရာ   ဒုတိယ ဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီး    ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာကံဇော်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ      ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့်  Viettel Group မှ (Mytel)CEO Nguyen Tien Dung   တို့က   အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်ဖွင့်ပွဲအဖြစ်  စုဘူးအတွင်းသို့ ရွှေင်္ဂါးများအား   တစ်ပြိုင်နက်တည်း   ထည့်သွင်း ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စုဘူးအတွင်းသို့  အောင်အတိတ် အောင်နိမိတ်ဆောင် အောင်မင်္ဂလာရွှေဒင်္ဂါးကို ထည့် သွင်း၍ အောင်ဘာလေအွန်လိုင်းသိန်းဆု ထီစနစ်သစ် ကြီးကို  စတင်ဖွင့်လှစ်ပေးသည်။

 


ဖွင့်ပွဲအထိမ်းအမှတ် Logo ကို ပေးအပ်


ထို့နောက် အောင်ဘာလေ   အွန်လိုင်းသိန်းဆု ထီစနစ် ဖွင့်ပွဲအထိမ်းအမှတ် Logo ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပေးအပ်သည်။ 

 


ယင်းနောက် အောင်ဘာလေအွန်လိုင်းသိန်းဆု ထီစနစ်နှင့် ပတ်သက်၍  Mytel မှ ပြင်ပဆက်ဆံရေး အရာရှိချုပ်  ဒေါက်တာနီလာအေးက   အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီစနစ်  Mobile   Application Download မှသည် သိန်းဆုထီများထုတ်ယူပုံအထိ မည်သို့မည်ပုံဆောင်ရွက်သွားရမည့် Procedure နှင့်   အားသာချကများကို တစ်ဆင့်ချင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် “အောင်ဘာလေထီထိုးစို့” တေးသီချင်း ဖြင့်    သီဆိုကပြ      ဖျော်ဖြေတင်ဆက်ကြပြီး  အောင်ဘာလေ     အွန်လိုင်းသိန်းဆုထီစနစ်တွင် ပါတနာအဖြစ် ဆောင်ရွက်သည့်  Telecom Inter-national Myanmar Co., Ltd. (Mytel) (၅)  နှစ်ပြည့် အမှတ်တရမှတ်တမ်းကို ပြသသည်။

 


ယင်းနောက်    ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံအစိုးရ၊    ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား Viettel Group မှ Vice President  Major General Nguyen  Thanh  Nam  က   ကျေးဇူးတင်စကား ပြောကြားသည်။ 
ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား Viettel Group မှ Vice President  Major General Nguyen Thanh Nam က  Mytel မှ တာဝန်ရှိသူများထံ Mytel (၅)  နှစ်ပြည့်အထိမ်းအမှတ်    ဂုဏ်ပြုလက်မှတ် ပေးအပ်သည်။

 


ယင်းနောက် မြန်မာ၊  ဗီယက်နမ်   အကအလှ တေးဂီတအဖွဲ့များက  “We Love Myanmar” တေး သီချင်းနှင့် “အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား ထိုးလိုက်ကြပါစို့” တေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်   Mobile   Application အသုံးပြုမှုကိုကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။          

 သတင်းစဉ်