အောက်လွှတ်တော်ကို ဖျက်သိမ်းရန် ဆန္ဒမရှိကြောင်း ကီရှီးဒါးပြော

တိုကျို   ဧပြီ    ၃၀ 
ယခုသီတင်းပတ်ကုန်တွင် ကျင်းပ ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ သုံးခုတွင် အတိုက်အခံ   ကွန်စတီ ကျူးရှင်းနယ် ဒီမိုကရက်တစ်ပါတီ က နေရာအားလုံးတွင် အနိုင်ရရှိခဲ့ ပြီးနောက်       လျှပ်တစ်ပြက် ရွေးကောက်ပွဲကျင်းပရန် အစီအစဉ် မရှိကြောင်း      ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါး ဖူမီယိုက  ပြောကြားလိုက် သည်။ 
အဓိကအာဏာရ  လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) ပါတီသည် မဲဆန္ဒနယ်မြေအားလုံး ထဲမှ      နှစ်ခုတွင်   ဝင်ပြိုင်မည့် ကိုယ်စားလှယ်    အမည်စာရင်း မတင်သွင်းခဲ့သော်လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်     ရှီမာ့နဲခရိုင်၏ မဲဆန္ဒနယ်တွင် ရှုံးနိမ့်ခဲ့သည်။ 
တအုံနွေးနွေး    ဖြစ်နေသည့် ငွေကြေးအရှုပ်တော်ပုံက     ယခု ကဲ့သို့    ရှုံးနိမ့်မှုဖြစ်စေခဲ့ကြောင်း ဝန်ကြီးချုပ်  ကီရှီးဒါးက  ဧပြီ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ရှီမာ့နဲ  ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှု         ကာလအတွင်း (အယ်လ်ဒီပီ) ၏ နိုင်ငံရေးရန်ပုံငွေ အရှုပ်တော်ပုံကိစ္စသည်  အဓိက အကြောင်းရင်း   ဖြစ်ခဲ့ရကြောင်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရသည့် အတွက်         ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်နှင့် သူ့ကိုထောက်ခံ အားပေးခဲ့သည့်    ဒေသခံပြည်သူ အားလုံးအတွက် မိမိစိတ်မကောင်း ဖြစ်မိကြောင်း     ဝန်ကြီးချုပ်က ပြောသည်။ 
အယ်လ်ဒီပီ    ဥက္ကဋ္ဌတစ်ဦး အဖြစ်     မိမိ၏တာဝန်များကို ကျေပွန်အောင်    ထမ်းဆောင်ပါ မည်ဟု   ဝန်ကြီးချုပ်က   ကတိပြု ပြောဆိုခဲ့သည်။ 
နိုင်ငံရေးနှင့်    ပါတီပြုပြင် ပြောင်းလဲရေးနှင့်     ဈေးနှုန်း ပြောင်းလဲမှုများကို    ကိုင်တွယ် လုပ်ဆောင်မှုမှတစ်ဆင့်  ပြည်သူ လူထု၏ ယုံကြည်ချက်ရရှိအောင် ပြန်လည်    လုပ်ဆောင်သွားမည် ဖြစ်ကြောင်း    ကီရှီးဒါးက   ပြော သည်။
ကွန်စတီကျူးရှင်းနယ်    ဒီမို ကရက်တစ်ပါတီမှ    အမတ်များ သည် လွှတ်တော်ထဲတွင် ကီရှီးဒါး ကို ဖိအားပေးမှုများ  တိုးမြှင့်လုပ် ဆောင်သွားမည်ဖြစ်သည်။ 
သို့သော်လည်း    အောက် လွှတ်တော်ကို       ဖျက်သိမ်းရန် ဆန္ဒမရှိကြောင်း    ကီရှီးဒါးက ပြောသည်။     အင်န်အိတ်ခ်ျကေ