အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေလှူဒါန်း

 

နေပြည်တော်  ဩဂုတ်   ၂၅


တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊  တပ်မတော်ဆေးရုံများ၊  ကျန်းမာရေးဌာနများ၊  ကိုဗစ်စင်တာများနှင့်  လူမှုကူညီရေးအသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။


သွားရောက်လှူဒါန်း


ထိုသို့   လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ရှိ ပရဟိတအသင်း များသို့ အောက်ဆီဂျင်အိုး ရှစ်လုံး ကိုလည်းကောင်း၊  စစ်ကိုင်းတိုင်း ဒေသကြီး   မုံရွာမြို့ အထွေထွေ ရောဂါကု   ပြည်သူ့ဆေးရုံကြီးသို့    မိဘဂုဏ်    အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့်    အောက်ဆီဂျင်အိုး   ၁၀၅  လုံးကို လည်းကောင်း၊ ပဲခူး တိုင်းဒေသကြီး မိုးညိုမြို့ပြည်သူ့ ဆေးရုံသို့     အောက်ဆီဂျင်အိုး အလုံး   ၂၀   ကို     လည်းကောင်း      တိုင်းစစ်ဌာနချုပ်      အသီးသီးမှ နယ်မြေခံ       တပ်မတော်သားများ၊    ဌာနဆိုင်ရာ    ဝန်ထမ်းများနှင့် လူမှုကူညီရေး    အဖွဲ့အစည်းများ က   သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။


ညှိနှိုင်းဆောင်ရွက်


ထို့ပြင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာချီလိတ်မြို့ စံလင်းဖြိုး ကုမ္ပဏီမှ ပြည်သူ့ဆေးရုံ၊ ကျန်းမာ ရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ လှူဒါန်းရန် အတွက် တရုတ်နိုင်ငံမှ မှာယူထား သော    အောက်ဆီဂျင်ထုတ်စက် တစ်စုံနှင့် အောက်ဆီဂျင်အိုးအလုံး ၅၁၀ ရောက်ရှိနေမှုတို့ကိုသက်ဆိုင် ရာ    တပ်နယ်မှ     တာဝန်ရှိသူများက  လည်းကောင်း၊    တနင်္သာရီတိုင်း ဒေသကြီး   ထားဝယ်မြို့  မြောင်း ပုလဲ မြို့သစ်ရပ်ကွက်၌ အောက် ဆီဂျင်စက်ရုံ      စတင်လည်ပတ် ထုတ်လုပ်မှုနှင့် အောက်ဆီဂျင်ထုတ် စက်ရုံ ထပ်မံတိုးချဲ့တည်ဆောက် နေမှု   အခြေအနေများ၊  မြိတ်မြို့ ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင် ထုတ်လုပ်သည့်      စက်ပစ္စည်း ရောက်ရှိမှု၊  ဇီဝလုံခြုံရေးအဆင့် မြင့်   ဓာတ်ခွဲခန်း   တည်ဆောက် မည့်   မြေနေရာနှင့်    မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ဘုတ်ချောင်း ရပ်ကွက်၌  အောက်ဆီဂျင်စက်ရုံ တိုးချဲ့ တည်ဆောက်နေမှု   အခြေ အနေများကို      တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်  တိုင်မှူး  ဗိုလ်ချုပ် စောသန်း လှိုင်နှင့် တာဝန်ရှိသူများက လည်း ကောင်း သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။                    

သတင်းစဉ်