အောက်ဆီဂျင်အိုးများနှင့်  ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ  ဆက်လက်ဖြန့်ဝေ လှူဒါန်း  

 

 

နေပြည်တော်   စက်တင်ဘာ   ၁၃


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီ ဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့်      အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၁၂ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံကြီး၌ တည် ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံအတွက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀ ကို တာဝန်ရှိသူများ ကလည်းကောင်း၊  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့  ပြည်သူ့ ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး အလုံး ၅၀၊ နယ်မြေခံ တပ်မတော်ဆေးရုံ သို့ အောက်ဆီဂျင်အိုး အလုံး ၅၀၊ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို တြိဂံဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်   မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက လည်းကောင်း   သွားရောက်ပေးအပ်လှူဒါန်းရာ   တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေ ဖြင့်လည်း တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင်  Oxygen Plant များကို   တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ စက်တင်ဘာ ၁၂ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံကြီး၌  တပ်မတော် သားများ၊ ဌာနဆိုင်ရာများနှင့်   ဒေသခံတိုင်းရင်းသားပြည်သူများက စုပေါင်းလှူဒါန်းသည့်  Boly စက်အမျိုးအစား   အောက်ဆီဂျင်စက်ရုံ စမ်းသပ်လည်ပတ်မှုများကို  အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများ၊    ဌာနဆိုင်ရာတာဝန်ရှိသူများက   သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်