
နေပြည်တော် ဩဂုတ် ၂၀
တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီ ရေးအသင်းအဖွဲ့များသို့ ပေးပို့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ရှိ ပရဟိတအသင်း များသို့ အောက်ဆီဂျင်အိုး ရှစ်လုံး ကို လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ မကွေးမြို့ သုဂတိရှင် နာရေးကူညီမှု အသင်းရှိ အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိ သော အောက်ဆီဂျင်အိုး အလုံး ၂၀ နှင့် အာဟာရဖြည့်စားသောက် ဖွယ်ရာများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံသို့ စေတုတ္တရာမြို့ အမှတ် (၂)ရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသော အောက်ဆီဂျင်အိုး အလုံး ၃၀ တို့ကို လည်းကောင်း၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သား၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် လူမှု ကူညီရေး အဖွဲ့အစည်းများက အသီးသီး သွားရောက်လှူဒါန်းကြ ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် အတွက် စေတနာရှင် အလှူရှင် များက အထောက်အကူပစ္စည်း များ၊ အလှူငွေများကို ပေးအပ် လှူဒါန်းလျက်ရှိရာ ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့ရှိ ကျုံကူး တိုက်နယ်ဆေးရုံသို့ နိုင်ငံတော် သမ္မတ(အငြိမ်းစား) ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုက PPE ဝတ်စုံ ၃၀ နှင့် Mask ဘူး ၃၀ တို့ကို လည်းကောင်း၊ ရေကြည်မြို့ ပြည်သူ့ဆေးရုံသို့ စေတနာရှင် အလှူရှင်များက Oxygen Concentrator တစ်လုံး၊ Flow Meter တစ်ခု၊ အောက်ဆီဂျင် အိုး ကိုးလုံးနှင့် အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရန်အတွက် အလှူငွေကျပ် ၂၅ သိန်းကို လည်းကောင်း၊ ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ စေတနာရှင် အလှူရှင်များက Oxygen Concentrator တစ်လုံးနှင့် ဆေးဝါးများကို လည်းကောင်း ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီ ဂျင် လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့် လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိရာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ ပြည်သူ့ ဆေးရုံ၌ အရေးပေါ်လူနာများ အတွက် လိုအပ်သော အောက်ဆီ ဂျင် ထောက်ပံ့မှုပေးနိုင်စေရန် ကျိုင်းတုံမြို့ သီလဓမ္မတောရ ကုန်းသာကျောင်းတိုက် ဆရာ တော် ဘဒ္ဒန္တ ကောဝိဒ (ဝစီပိတ် ဆရာတော်)၏ ဦးဆောင်အလှူ ငွေထည့်ဝင်မှုနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းအလှူငွေ များဖြင့် လှူဒါန်းထားသည့် အောက်ဆီဂျင် Plant ထားရှိ ထုတ်လုပ်နေမှုကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်း ကျွန်းမြို့နယ် စာနာစိတ်ထား ပေးဆပ်သူများ လူမှုကူညီ ထောက်ပံ့ရေး ပရဟတိအသင်းမှ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီဝင်းအတွင်းသို့ လှူဒါန်းထားသည့် သင်္ဃန်းကျွန်း မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်းအတွင်းရှိ Oxygen Plant တပ်ဆင်နေမှုများကို လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်