
ရန်ကုန် သြဂုတ် ၂၀
သနန္တနဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ ချုပ်က ကြီးမှူး၍ ကိုဗစ်-၁၉ ဟိန္ဒူမိသားစုများ ကူညီထောက်ပံ့ ရေးအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလများတွင် တစ်နိုင်တစ်ပိုင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ အလှူရှင်များ၏ လှူဒါန်းကူညီ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
ယခု ကိုဗစ်-၁၉ ကာလတွင် လူသားများအား ကျန်းမာရေး ဆိုင်ရာ အခက်အခဲမျိုးစုံ ကြုံတွေ့ နေရချိန် တစ်နိုင်တစ်ပိုင် လူသား အကျိုးပြုလုပ်ငန်းများကို အခမဲ့ ဆက်လက် ကူညီထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။
ယင်း ကူညီထောက်ပံ့ရေး လုပ်ငန်းများအနက် အောက်ဆီ ဂျင်အိုးများ ငှားရမ်းခြင်း၊ အောက် ဆီဂျင်အိုးများ ဖြည့်ပေးခြင်း၊ အသက်ရှူစက် ငှားရမ်းပေး ခြင်း၊ ကိုယ်တွင်းအောက်ဆီဂျင် မြင့်တက်လာစေရန် / ပုံမှန်ရှိစေ ရန်အတွက် အသက်ရှူ (ယောဂ လေ့ကျင့်ခန်း) ဗီဒီယိုပြုလုပ်၍ မျှဝေပေးခြင်း၊ အွန်လိုင်းဖြင့် မနက်၊ ညနေ နှစ်ကြိမ် ယောဂ လေ့ကျင့်ခန်း သင်ကြားပို့ချပေး ခြင်း၊ အိမ်တွင်းဆေးဝါး (သို့) တိုင်းရင်းဆေးများ ဖော်စပ် နည်းများကို ညွှန်ကြားပေးခြင်း၊ အောက်ဆီဂျင်တိုင်းစက်များကို လိုအပ်သူများအား လှူဒါန်းပေး ခြင်းစသည့် အကျိုးပြုလုပ်ငန်း များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လိုအပ်သူများ အနေဖြင့် ငှားရမ်းလိုပါက ဖုန်း 09–252 227552၊ 09 – 256334070 တို့သို့ ဆက်သွယ်ပြီး သတ်မှတ် စည်းကမ်းချက်များနှင့် အညီ အခမဲ့ငှားရမ်းနိုင်ကြောင်း သိရ သည်။
သတင်းစဉ်