
နေပြည်တော် နိုဝင်ဘာ ၅
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ဟန်သည် ယနေ့တွင် နေပြည် တော်ကောင်စီနယ်မြေ ဇေယျာ သီရိမြို့နယ်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံရှိ ဓာတ်အားပေးစက်များ မောင်းနှင် ဓာတ်အားထုတ်လုပ်နေ မှု၊ ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲ ပြင်ဆင်တည်ဆောက် မည့်အခြေအနေနှင့် Advanced Metering Infrastructure (AMI) Control Center ဆောင်ရွက်ပြီးစီး မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်စဉ် တိုးတက်သုံးစွဲလာသော လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို တိုးတက် ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ် ပတ်လုံး စဉ်ဆက်မပြတ်ထုတ်လုပ် ၍ လျှပ်စစ်ဓာတ်အား တည်ငြိမ် စွာ ဖြန့်ဖြူးပေးနိုင်ရန် ရေအား လျှပ်စစ်စက်ရုံများ၊ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံများ၊ သဘာဝ ဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး စက်ရုံများ စသည့်လျှပ်စစ်ဓာတ် အားပေးစက်ရုံ စီမံကိန်းများကို Generation Mix တွင် အရင်း အမြစ်မျိုးစုံ ပါဝင်ထုတ်လုပ်နိုင်ရေး တို့ကို ဟန်ချက်ညီညီ ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပေါင်းလောင်း ရေလှောင်တမံ ရှုရပ်သို့ ရောက်ရှိ ပြီး တမံအတွင်း ရေဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေကျော်ကျနေသည့် အခြေအနေနှင့် တမံကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် Advanced Mete-ring Infrastructure (AMI) Control Center သို့ ရောက်ရှိ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် တပ်ဆင်ထားသည့် Analogue နှင့် Off-site Meter Reading (OMR) မီတာစနစ်မှ Advanced Metering Infra-structure(AMI)စနစ်သို့ပြောင်းလဲ တပ်ဆင်ခြင်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း။
နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း၌ မြို့နယ် ၁၄ မြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး အတွင်း၌ မြို့နယ် သုံးမြို့နယ်တို့ကို AMI စနစ် ပြောင်းလဲဆောင်ရွက် လျက်ရှိပြီး AMI Control Center လည်း ရာနှုန်းပြည့်တည်ဆောက် ပြီးစီးပြီဖြစ်ကြောင်း၊ AMI မီတာ များကို Control Center ဖြင့် ချိတ်ဆက်၍ မီတာခကောက်ခံ ခြင်း၊ ထိန်းချုပ်ခြင်း၊ စောင့်ကြပ် ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်ရန် စတင်ဆောင်ရွက်လျက်ရှိကြောင်း နှင့် AMI စနစ် တစ်နိုင်ငံလုံး လွှမ်းခြုံတပ်ဆင်အသုံးပြုနိုင်ရေး နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး AMI Control Center အတွင်း AMI Data Server တပ်ဆင် တည် ဆောက်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် AMI Control and Monoitoring Center တပ်ဆင် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်