အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaint Mechanism-NCM) ဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည်

 

နေပြည်တော်   ဩဂုတ်   ၃၀
မြန်မာနိုင်ငံသည် ILO နှင့်  ပူးပေါင်းကာ   အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့်ဝန်ကြီးဌာန များနှင့်  ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်မှ စတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism – NCM) ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသား အဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည် ဖော်ရေး  အမျိုးသားကော်မတီမှ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ မည်သူမဆို အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊  တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊  နေပြည်တော်ကောင်စီ၊  မြန်မာနိုင်ငံ  အမျိုးသားလူ့အခွင့် အရေးကော်မရှင်၊ ILO ဆက်သွယ်ရေးအရာရှိရုံး (ရန်ကုန်)နှင့် အခြား အဖွဲ့အစည်းများမှတစ်ဆင့်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ်(၅၁)၊ နေပြည်တော်သို့ လူကိုယ်တိုင်  (သို့မဟုတ်)  စာဖြင့် လည်းကောင်း၊  ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇- ၃၄၃၀၂၇၄ နှင့်  E-mail လိပ်စာ   directorgeneral.dol@gmail.com,  moloffice51@gamil.com,   research.org.dol.mm@gmail.com  များသို့လည်းကောင်း    တိုင်ကြားသူနှင့်  အဓမ္မ ခိုင်းစေခံရသူများ လုံခြုံစိတ်ချစွာ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရုံးအဖွဲ့၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ  တိုင်ကြားမှုယန္တရား နှင့်  အလုပ်သမား ဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။  
သတင်းစဉ်