အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူစေလွှတ်သွားမည်

 

ရန်ကုန်  ဖေဖော်ဝါရီ  ၁၇


အလုပ်သမားဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ လူမှုဖူလုံ ရေးအဖွဲ့ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ  လူမှုဖူလုံရေးအဖွဲ့   ညွှန်ကြားရေးမှူးချုပ် က   ဝန်ထမ်းအိမ်ရာ   ပြင်ဆင်ဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး က  ဝန်ထမ်းများ၏  လိုအပ်ချက်များကို  မေးမြန်း ဖြည့်ဆည်းပေးသည်။


အလုပ်သမားသက်သေခံကတ် ထုတ်ပေးရေးကြည့်ရှု


ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး     ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း ၌ ဖွင့်လှစ်လျက်ရှိသော ပြည်ပအလုပ်အကိုင်လမ်းညွှန် သင်တန်း၌      ကိုရီးယားနိုင်ငံသို့     EPS    စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ အား  တွေ့ဆုံအားပေးစကားပြောကြား၍   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန က ဆောင်ရွက်နေသည့် ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်   မြန်မာနိုင်ငံသားများအတွက်   E-ID စနစ်ဖြင့်    ကိုယ်ရေးအချက်အလက်   (Biographic Data)ဇီဝဆိုင်ရာအချက်အလက် (Biometric Data)ကောက်ယူခြင်းလုပ်ငန်းနှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးရေး လုပ်ငန်းများကို      သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအရာရှိများက     လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ      အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာနစုတွင်   ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ် ဖြင့်   ပြည်ပနိုင်ငံများသို့   သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံ များသို့   သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အတွက်  OWIC ကတ် ထုတ်ပေးခြင်းဖြစ်ပြီး  ပြည်ပ နိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများအတွက် ရန်ကုန် တိုင်းဒေသကြီး   မရမ်းကုန်းမြို့နယ်ရှိ   OWIC ကတ် ထုတ်ပေးရေးဌာနတွင်    OWIC  ကတ်    စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိသည်။


လုပ်သားများ စေလွှတ်လျက်ရှိ


အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ   ကိုရီးယားသမ္မတ နိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများ စေလွှတ်လျက် ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း များသို့ ၁၀၆၁၁ ဦး  စေလွှတ်ခဲ့ပြီး  ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေ ဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူစေလွှတ်သွားမည် ဖြစ်ပြီး   ဆက်လက်၍   သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရန်နှင့်    လုပ်သားများ    ပိုမို စေလွှတ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။


အလုပ်အကိုင်လမ်းညွှန်သင်တန်းများဖွင့်


ပြည်ပအလုပ်အကိုင်  အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ဖြစ်စေ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ် ကိုင်မည့်  အလုပ်သမားများအတွက်  ပြည်ပအလုပ် အကိုင်လမ်းညွှန်သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး)တို့တွင် သင်တန်းသား ကျား ၃၁၉၃၃၂ ဦး၊ မ ၁၂၅၅၉၆ ဦး စုစုပေါင်း ၄၄၄၉၂၈ ဦးကို သင်ကြားပို့ချပေးနိုင်ခဲ့သည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံ ကြီးသို့ သွားရောက်၍ ပြင်ပလူနာဌာန၊ အာမခံအလုပ် သမားလူနာများအား       ကျောက်ကပ်သန့်စင်ခြင်း လုပ်ငန်း ဝန်ဆောင်မှုပေးလျက်ရှိမှုနှင့် အလုပ်သမား ဆေးရုံကြီး၌ Ward အားလုံး ဖွင့်လှစ်နိုင်မှုအခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးသည်။


အားကိုးအားထားပြုရသည့် ဌာနဖြစ်စေရန်


ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမား များ၏     ကျန်းမာရေးစောင့်ရှောက်မှုကို     တိုးမြှင့် ဆောင်ရွက်နိုင်ရန်နှင့်  အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို      ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊     လူမှုဖူလုံရေးအဖွဲ့သည်    အာမခံ အလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာန တစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမား များ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်၊ တစ်လ လျှင် ကျောက်ကပ်ဆေးလူနာ ၅၀ ခန့် ဆေးကြော ကုသပေးနိုင်ရေး      အလေးထားဆောင်ရွက်ကြရန် မှာကြား၍     လုပ်ငန်းလိုအပ်ချက်များကို     မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အလုပ်သမားဆေးရုံ ကြီးအတွင်းရှိ  လူမှုဖူလုံရေးအဖွဲ့ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ   ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်