အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် သက်မွေးပညာများကို လက်တွေ့ကျွမ်းကျင်မှုရရှိစေရန် သင်ကြားပေးလျက်ရှိ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၁


သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး       ဒေါက်တာ အောင်ဇေယျသည်  တာဝန်ရှိသူ များနှင့်အတူ  ယမန်နေ့  မွန်းလွဲ ပိုင်းက  အစိုးရနည်းပညာအထက် တန်းကျောင်း   (နေပြည်တော်)အစည်းအဝေးခန်းမသို့ ရောက်ရှိ ပြီး ကျောင်းအုပ်ကြီး   ဦးအောင် ထိုက်သူ က သင်တန်းများ ဖွင့်လှစ် သင်ကြားနေမှုကို ရှင်းလင်းတင်ပြ သည်။ 

 


ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍     ဒုတိယဝန်ကြီးက သတ်မှတ်အရည်အသွေး   စံနှုန်း များနှင့်အညီ ဖွင့်လှစ်သင်ကြား နိုင်ရေး  အလေးထားဆောင်ရွက် ရန်၊ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးနိုင်သည့် သက်မွေး ပညာ၊  နည်းပညာရပ်များဖြစ်၍ လက်တွေ့ကျွမ်းကျင်မှု ရရှိစေရန် Hand on ဖြစ်အောင် သင်ကြား ခြင်းနှင့် တတ်မြောက်မှု စစ်ဆေး ခြင်းများ စနစ်တကျဆောင်ရွက် ရန်၊  အင်ဂျင်နီယာပညာရှင်များ အဖြစ်သို့ ဆက်လက်တက်ရောက် နိုင်သည့်      အခွင့်အလမ်းများ ရှိနေသဖြင့်  ရေရှည်မျှော်မှန်းကာ ဆက်လက်သင်ကြားခွင့်     ရရှိနိုင် အောင်လေ့ကျင့်ပေးရန်၊ သင်တန်း ဆင်းများ၏ အလုပ်အကိုင်ရရှိမှုနှင့် လူမှုဘဝ  အဆင့်အတန်းမြင့်မား လာမှုများကို Feedback Survey and Analysis ဆောင်ရွက်မှတ်တမ်း ထားရန် ပြောကြားသည်။ 

 


ထို့နောက်    ဒုတိယဝန်ကြီး သည် အဆောက်အဦနည်းပညာ သင်တန်း၊     လျှပ်စစ်နည်းပညာ သင်တန်း၊     မော်တော်ယာဉ် နည်းပညာသင်တန်း၊  စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊    အီလက် ထရွန်နစ်  နည်းပညာသင်တန်း နှင့် သုတနည်းပညာသင်တန်းနှင့် အဆောက်အဦ  ပြုပြင်ထိန်းသိမ်း မှု   နည်းပညာသင်တန်းတို့တွင် ကျောင်းသား    ကျောင်းသူများ လက်တွေ့    လုပ်ဆောင်နေမှုများ   နှင့်   ပင်မဆောင်တည်ဆောက်ရေး      လုပ်ငန်းကို  ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား        လိုအပ်သည်များ      မှာကြားခဲ့ ကြောင်း သိရသည်။ 

သတင်းစဉ်