အစိုးရနိကာယ်စာမေးပွဲအောင်စာရင်း  နေ့ရက် ကြေညာ


 

နေပြည်တော်    ဇူလိုင်   ၁၉


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊  သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန၊  သာသနာရေးဦးစီးဌာနက  ကျင်းပပြီးစီးခဲ့သော အစိုးရနိကာယ်စာမေးပွဲ အောင်စာရင်းကို ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်၊   ၂၀၂၁ ခုနှစ်၊   ဇူလိုင် ၂၂ ရက်၊   ကြာသပတေးနေ့  နံနက် (၆)  နာရီတွင်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ website www.mahana.org.mm ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန website www.mora.gov.mm၊ သာသနာရေးဦးစီးဌာန website www.dra.gov.mm  တို့မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။                                                                                   သတင်းစဉ်