
နေပြည်တော် ဇူလိုင် ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအား သုံးသပ်အကဲဖြတ်ရေး အဖွဲ့(Monitoring and Evaluation Team) ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန် များ ရေးဆွဲသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
စောင့်ကြည့်အကဲဖြတ်
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည် MoU၊ LoA လက်မှတ် ရေးထိုးထားသော အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်ချက်များ စစ်ဆေးခြင်း၊ အစီရင်ခံစာ စစ်ဆေးခြင်း၊ မြေပြင်စစ်ဆေးခြင်းများအတွက် တာဝန်ပေးအပ်ထားသည့် အဖွဲ့အစည်း လိုအပ်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် စီမံကိန်း မစတင်မီ၊ စီမံကိန်းကာလအတွင်းနှင့် စီမံကိန်း ပြီးမြောက်သည့်ကာလများအလိုက် လိုအပ်ချက်များ ကို သုံးသပ်အကဲဖြတ်ရမည့် လုပ်ငန်းလမ်းညွှန် (ToR) ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်းမဆောင်ရွက်မီအခြေအနေ၊ စီမံကိန်း ဆောင်ရွက်နေစဉ်ကာလအတွင်း စောင့်ကြည့်အကဲ ဖြတ်ခြင်းနှင့် စီမံကိန်းပြီးမြောက်ပြီး မျှော်မှန်းရလဒ် များ ပြည့်မီမှု ရှိ၊ မရှိ စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းစနစ်များ ပီပီပြင်ပြင်ဖော်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်သည့်အတွက် မိမိတို့ရေးဆွဲမည့် လုပ်ငန်းလမ်းညွှန်(ToR)တွင် ထည့်သွင်းရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ToR ရေးဆွဲရာတွင် သတ်မှတ်ဒေသ၊ သတ်မှတ်လုပ်ငန်း ဆောင်ရွက်ခြင်း ရှိ၊ မရှိ၊ သတ်မှတ်ရန်ပုံငွေ၊ သတ်မှတ် နည်းစနစ်၊ ဆောင်ရွက်မှုပုံစံ၊ ဒေသအာဏာပိုင်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိ၊ မရှိ၊ ဒေသခံလူထုနှင့် ဆက်သွယ်မည့်ပုံသဏ္ဌာန်၊ စီမံကိန်း ၏ အကျိုးရှိမှု၊ နိုင်ငံတော်၏ အကျိုးစီးပွားကို ထိခိုက် ခြင်း ရှိ၊ မရှိ၊ လုံခြုံရေးအရ သတ်မှတ်ထားသော နေရာများကို သွားလာခြင်းနှင့် သတင်းရယူမှုပုံစံ စသည်တို့ကို စိစစ်သွားရမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအား သုံးသပ်အကဲဖြတ်ရေးအဖွဲ့ (Monitoring and Evaluation Team)ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲ သတ်မှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်