
နေပြည်တော် ဇူလိုင် ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား သုံးသပ်အကဲဖြတ်ရေးအဖွဲ့ (Monitoring and Evaluation Team)ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသည် MoU, LoA လက်မှတ် ရေးထိုးထားသော အဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက် ချက်များ စစ်ဆေးခြင်း၊ အစီ ရင်ခံစာ စစ်ဆေးခြင်း၊ မြေပြင်စစ် ဆေးခြင်းများအတွက် တာဝန်ပေး အပ်ထားသည့် အဖွဲ့အစည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် စီမံကိန်း မစတင်မီ၊ စီမံကိန်းကာလအတွင်း နှင့် စီမံကိန်းပြီး မြောက်သည့် ကာလများအလိုက် လိုအပ်ချက် များကို သုံးသပ်အကဲဖြတ်ရမည့် လုပ်ငန်းလမ်းညွှန် (TOR) ရေးဆွဲ ဆောင်ရွက် သွားရမည်ဖြစ် ကြောင်း၊စီမံကိန်း မဆောင်ရွက်မီ အခြေအနေ၊ စီမံကိန်းဆောင်ရွက် နေစဉ်ကာလအတွင်း စောင့်ကြည့် အကဲဖြတ်ခြင်းနှင့် စီမံကိန်း ပြီးမြောက်ပြီး မျှော်မှန်းရလဒ်များ ပြည့်မီမှု ရှိ/မရှိ စောင့်ကြည့်အကဲ ဖြတ်ခြင်းနှင့် အစီရင်ခံခြင်း စနစ်များ ပီပီပြင်ပြင်ဖော်ဆောင် နိုင်ရန် လိုအပ်မည်ဖြစ်သည့် အတွက် မိမိတို့ ရေးဆွဲမည့် လုပ်ငန်းလမ်းညွှန်(TOR)တွင် ထည့်သွင်းရေး ဆွဲဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က TOR ရေးဆွဲ ရာတွင် သတ်မှတ်ဒေသ၊သတ်မှတ် လုပ်ငန်းဆောင်ရွက်ခြင်း ရှိ/မရှိ၊ သတ်မှတ်ရန်ပုံငွေ၊ သတ်မှတ် နည်းစနစ်၊ ဆောင်ရွက်မှုပုံစံ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက် ခြင်း ရှိ/မရှိ၊ ဒေသခံလူထုနှင့် ဆက်သွယ် မည့် ပုံသဏ္ဌာန်၊ စီမံကိန်း၏ အကျိုးရှိမှု၊ နိုင်ငံတော်၏ အကျိုး စီးပွားကို ထိခိုက်ခြင်း ရှိ/မရှိ၊ လုံခြုံရေးအရ သတ်မှတ်ထားသော နေရာများကို သွားလာခြင်းနှင့် သတင်းရယူမှုပုံစံ စသည်တို့ကို စိစစ်သွားရမည်ဖြစ်ကြောင်း ပြော ကြားသည်။
ယင်းနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအား သုံးသပ်အကဲဖြတ်ရေးအဖွဲ့(Mon-itoring and Evaluation Team)ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် နှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲသတ်မှတ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်