အဆင့်မြင့်မော်တာအပ်ချုပ်စက် ပညာရပ်များကို စနစ်တကျသင်ကြားတတ်မြောက်ထားပါက ဝင်ငွေပိုမိုရရှိလာနိုင်

 

ဘားအံ   ဇွန်   ၃၀


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၃၀ ရက်က ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

 


သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက  အဆင့်မြင့်မော်တာအပ်ချုပ်စက် ပညာရပ်များကို  စနစ်တကျသင်ကြားတတ်မြောက် ထားပါက မိသားစုအတွင်း လက်ဆင့်ကမ်းပညာအမွေ ပေးနိုင်ပြီး      နိုင်ငံရပ်ခြား  သွားရောက်လုပ်ကိုင် စားသောက်ရခြင်းမှကင်းဝေး၍       မိမိကိုယ်တိုင် ဆိုင်ဖွင့်ခြင်းဖြင့်     ဝင်ငွေပိုမိုရရှိလာနိုင်ကာ   မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ တွင် ပိုမိုပြည့်စုံအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်က   သင်တန်း ထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား အပ်ချုပ်စက်တစ်လုံးစီ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း က သင်တန်းဆင်းအောင် လက်မှတ်များကို ပေးအပ် ကာ    ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး    ခင်ဇော်က    သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 


ယင်းနောက်         သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက  ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားကာ သင်တန်းခန်းမအတွင်း ရှိ     သင်တန်းဆင်း    သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသော     သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။

 


အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ ကိုးရွာမှ သင်တန်းသူ ၂၀ ဖြင့် ဇွန် ၁ ရက် မှ   ဇွန်  ၃၀   ရက်အထိ    ဖွင့်လှစ်သင်ကြားပေးပြီး     လုပ်ငန်းအတွေ့အကြုံရှိ   သင်တန်းဆရာ   ဆရာမ များက   စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း
(ပြန်/ဆက်)