အဆင့်မြင့်စိုက်ပျိုးရေးသုတေသနပညာများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကြိုးပမ်း

 

နေပြည်တော်   နိုဝင်ဘာ   ၁၇


လယ်ယာကဏ္ဍ    ဖွံ့ဖြိုးတိုးတက် ရေးတွင်     တာဝန်ယူလာကြမည့် အနာဂတ်    မျိုးဆက်သစ်လူငယ် များ အဆင့်မြင့်စိုက်ပျိုးရေး သုတေ သနပညာများ လေ့လာသင်ယူနိုင် ရေးအတွက် လိုအပ်ချက်များ    စီမံ ဖြည့်ဆည်းပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်     ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး များနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်    စိုက်ပျိုးရေး              တက္ကသိုလ်ရှိ  အဆင့်မြင့် စိုက်ပျိုးရေးသုတေသန နှင့်   ပညာရေးဗဟိုဌာန (ACARE) အား      သွားရောက်     ကြည့်ရှု စစ်ဆေးသည်။


ဆွေးနွေးတင်ပြ


ဦးစွာ ပြည်ထောင်စုဝန်ကြီး အား     စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ACARE တာဝန် ရှိသူများက စိုက်ပျိုးရေးတက္ကသိုလ် ၏      သင်ကြားရေးလုပ်ငန်းများ၊ ဘွဲ့ကြို၊     ဘွဲ့လွန်သင်တန်းများ၊ မဟာသိပ္ပံနှင့် ပါရဂူတန်းသင်တန်း များကို စာသင်နှစ်အလိုက် ဖွင့်လှစ်  ပို့ချပေးနေမှု      အခြေအနေကို  ရှင်းလင်းတင်ပြကြပြီး     ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ      လိုအပ်ချက် များကို ဆွေးနွေးတင်ပြကြသည်။


တင်ပြချက်များအပေါ်  ပြည် ထောင်စုဝန်ကြီးက     ပြည်တွင်း၌ ဖွင့်လှစ်သည့်သင်တန်းများ  ဖြစ် သော်လည်း အရည်အသွေးပြည့်ဝ သော ပညာရှင်များ မွေးထုတ်ပေး ခြင်းဖြင့်    မိမိကျောင်း၏     ဂုဏ် သတင်းကို     မြှင့်တင်ပေးရန်လို ကြောင်း၊ အလားတူ စာသင်နှစ် အလိုက် ကျခံရသည့် နိုင်ငံတော်၏  ရင်းနှီးမြှုပ်နှံမှုနှင့် ထိုက်တန်သည့်  ပြန်လည်    အကျိုးပြုနိုင်သူများ ဖြစ်စေရေး ၊ နိုင်ငံတော်၏လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ချက် များတွင် တတ်စွမ်းသည့်ဘက်က  ပါဝင်      ကြိုးပမ်းလာကြစေရေး ဆောင်ရွက်သွားရန်  လိုကြောင်း၊ သုတေသန ဆောင်ရွက်ချက်များ ပါဝင်သည့် အဆင့်မြင့်စိုက်ပျိုး ရေးပညာများ သင်ကြားပေးနိုင် ရေးနှင့်    သင်ကြားရေးစွမ်းရည် မြှင့်တင်ရေးအတွက်      ဘဏ္ဍာနှစ်  အလိုက်     လုပ်ငန်းစီမံချက်များ  ချမှတ် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု    နည်းပညာ  များ ပြန့်ပွားရေးဆောင်ရွက်မှုနှင့် အတူ    ကျန်းမာရေးနှင့်ညီညွတ် ပြီး   ဘေးကင်းလုံခြုံသော  GAP ထုတ်ကုန်များ၏ အာဟာရတန်ဖိုး ကို ပညာပေးစည်းရုံးခြင်းကို ပညာ ရှင်များအပိုင်းက ကြိုးပမ်းပေးကြ စေလိုကြောင်း ပြောကြားသည်။


 ကြည့်ရှုစစ်ဆေး


ထို့နောက်      ပြည်ထောင်စု  ဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ ချစ်ကြည်ရေး အထိမ်းအမှတ်       တည်ထောင် ဖွင့်လှစ်ထားသည့်      အဆင့်မြင့် စိုက်ပျိုးရေးသုတေသနနှင့် ပညာ ရေးဗဟိုဌာန (ACARE) အတွင်းရှိ ခေတ်မီစာကြည့်တိုက်၊   ဓာတ်ခွဲ ခန်းများ၊   အအေးခန်း၊    ခေတ်မီ သစ်သီးမှည့်ခန်း၊ လေထုထိန်းချုပ် စနစ်သိုလှောင်ခန်း၊ သီးနှံသိုလှောင် ခန်းနှင့်  အစားအသောက်  ထုတ် လုပ်မှုအတွက် အသေးစားစက်ရုံ ငယ်လေးများကို         ကြည့်ရှု စစ်ဆေးသည်။ 
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် အိန္ဒိယနိုင်ငံ အမ်၊အက်(စ်)       ဆွာမိနာသန်  သုတေသန   ဖောင်ဒေးရှင်းနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန တို့    ပူးပေါင်းဆောင်ရွက်သည့်  စပါးဇီဝဥယျာဉ်  သုတေသနဌာန စု၌       ဆောင်ရွက်လျက်ရှိသော စွမ်းအင်အသုံးပြုခြင်း    မရှိသော အအေးပေးသိုလှောင်ကန်၊ အဆင့် မြင့်      ဆန်စက်၊     စပါးသီးနှံ၏ ဘေးထွက်ပစ္စည်းများကို အာဟာရ ပြည့်ဝသော တိရစ္ဆာန်အစာထုတ် လုပ်မှုနှင့်      ကောက်ရိုးအသုံးပြု နွားစာကိတ်ပြုလုပ်ခြင်း၊ ကောက်ရိုး အသုံးပြု     စက္ကူပြုလုပ်ခြင်း၊ ဆန်အခြေပြု အာဟာရတန်ဖိုးမြှင့်    မုန့်အမျိုးမျိုး ပြုလုပ်ခြင်း၊ သဘာဝ မြေဆွေး ထုတ်လုပ်မှုနည်းပညာ များကို  ကြည့်ရှုအားပေးကြသည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည်     စိုက်ပျိုးရေးတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသည့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန      အောက်ရှိ ဦးစီးဌာနများ၊     တက္ကသိုလ်များ  ဘော်လီဘော အားကစားပြိုင်ပွဲသို့ တက်ရောက်      အမှာစကားပြော ကြားပြီး    စိုက်ပျိုးရေးဦးစီးဌာန  ကိုယ်စားပြုအသင်းနှင့် စိုက်ပျိုး ရေးတက္ကသိုလ် ကိုယ်စားပြုအသင်း တို့၏ ဘော်လီဘောအားကစား  ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်