
နေပြည်တော် ဩဂုတ် ၃၀
အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လားရှိုး)တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ ရသည့် စစ်သည်များ၏ အမွေခံမိသားစုဝင်များနှင့် သက်ပြည့် အရာရှိ/စစ်သည်များကို နေအိမ် တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြား ပေးအပ်ခြင်း ကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းခန်းမ၌ ပြုလုပ်သည်။
နေထိုင်ခွင့်ကတ် ပေးအပ်
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး က အဖွင့်အမှာ စကားပြောကြားပြီး အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(လားရှိုး)တွင် နေထိုင်ခွင့်ရရှိသော နိုင်ငံ တော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ ရသည့် စစ်သည်များ၏ အမွေခံမိသားစုဝင်များ နှင့် သက်ပြည့် အရာရှိ/စစ်သည်များအား နေအိမ် တိုက်ခန်းသော့နှင့် နေထိုင်ခွင့်ကတ်ပြားများကို ပေးအပ်ရာ အမွေခံမိသားစုဝင်များနှင့် သက်ပြည့် အရာရှိ/စစ်သည်များက လက်ခံရယူကြသည်။
ထို့နောက် အိမ်ရာတွင် နေထိုင်မည့်သူများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်