
တိုကျို ဧပြီ ၁
ဂျပန်နိုင်ငံ၌ အလိုအလျောက်မောင်းနှင်နိုင်သော ယာဉ်များသည် နေ့စဉ်လူနေမှုဘဝ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုဖြစ်လာရန် လမ်းကြောင်းပေါ် ရောက်ရှိလာပြီဖြစ်သည်။ ဧပြီ ၁ ရက်မှစတင်ကာ ပြည်သူများအား ယာဉ်မောင်းသူမပါဘဲ မောင်းနှင်နိုင် သော (အဆင့် - ၄ ရှိ အလိုအလျောက်မောင်းနှင်နိုင် သော) ကားများကို အသုံးပြုခွင့်ပေးတော့မည်ဖြစ် ကြောင်း သိရသည်။
ဂျပန်နိုင်ငံအလယ်ပိုင်း အဲအိဟဲအိဂျိမြို့ရှိ ကုမ္ပဏီတစ်ခုသည် ခရီးသွားဧည့်သည်များအတွက် အဆင့် (၄) ရှိ ကားများ မောင်းနှင်ပြေးဆွဲခွင့်နှင့် ပတ်သက်ပြီး အစိုးရ၏ အတည်ပြုချက် လက်ခံရရှိပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကားများသည် ခရီးသည် ခုနစ်ဦးအထိ တင်ဆောင်ကာ တစ်နာရီ လျှင် ၁၂ ကီလိုမီတာဖြင့် ၂ ကီလိုမီတာရှိသော အများ ပြည်သူပိုင်လမ်းများတစ်လျှောက် မောင်းနှင်ပြေးဆွဲ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဂျပန်နိုင်ငံတစ်ဝန်း နေရာ ၅၀ ခန့်တွင် အလိုအလျောက်မောင်းနှင်နိုင်သော သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုများကို လာမည့် သုံးနှစ် အတွင်း မိတ်ဆက်သွားရန် အစိုးရအနေဖြင့် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အလို အလျောက် မောင်းနှင်သည့် စနစ်များကို တီထွင်နေ သော ကုမ္ပဏီအချို့သည် ၎င်းတို့၏ နည်းပညာများကို စမ်းသပ်ရန်အတွက် ဒေသဆိုင်ရာ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ